
ဟားခါး နိုဝင်ဘာ ၄
ချင်းပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဟားခါးမြို့ ပြည်သူ့ ဆေးရုံကြီး သန့်ရှင်းသာယာလှပ ရေး၊ ခြင်၊ ယင် ပေါက်ပွားမှုမရှိ စေရေးနှင့် ဆေးရုံတက်ရောက် ကုသနေသော လူနာများအား လေကောင်းလေသန့် ရရှိစေရန် နှင့် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး မျက်စိပသာဒဖြစ်ဖွယ် ပတ်ဝန်း ကျင်ဖြစ်စေရန် ချုံနွယ်ပေါင်းမြက် များ ခုတ်ထွင်ရှင်းလင်းခြင်းများ ကို အုပ်ချုပ်ရေးအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက နိုဝင်ဘာ ၄ ရက် နံနက် ၈ နာရီခွဲက စုပေါင်းဆောင်ရွက် ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ချင်းပြည်နယ် ဝန်ကြီးချုပ်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန် ရှိသူများက ကြည့်ရှုအားပေး ကြသည်။
ထို့နောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ် မြောက်နှစ်ပတ်လည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ဟားခါး ပြည်သူ့ဆေးရုံကြီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က ကြည့်ရှုအားပေးပြီး ပြည်နယ် ဝန်ကြီးချုပ်က သွေးလှူဒါန်းသည့် ဝန်ထမ်း ၁၈ ဦးအား အာဟာရဖြည့် အစားအစာနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့်အဖွဲ့သည် ဟားခါးပြည်သူ့ ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသော လူနာ များကို သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ က လူနာများကို တစ်ဦးချင်း ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)