ဟားခါး ဇွန် ၂၉
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဇွန် ၂၉ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီး ချုပ် ဦးငွန်ဆန်းအောင် တက် ရောက် အမှာစကား ပြောကြား သည်။
အစည်းအဝေးတွင် ချင်းပြည် နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က အသက် ငါးနှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်း သား ကျောင်းသူများကို ကျောင်း အခြေပြု ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိရာ ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆက်လက် ပူးပေါင်းဆောင်ရွက် ရန်လိုကြောင်း၊ အသက် ၁၈ နှစ် နှင့်အထက် ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပြီးစီးမှုကာလ ခြောက်လ နှင့် အထက်ရှိသော ပြည်သူများ ကို ထပ်ဆောင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး စဉ်ဆက် မပြတ် ထိုးနှံပေးရန်လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးမြင့်လွင်က ယခင် အပတ် အစည်းအဝေးဆုံးဖြတ် ချက်များကို ရှင်းလင်းဖတ်ကြား ပြီး ပြည်နယ်ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ရန်နိုင်က ချင်းပြည်နယ်၏ ကိုဗစ်− ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ မြို့နယ်အလိုက် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေ အနေနှင့် မြို့နယ်အလိုက် ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ဆေး ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများ ရှင်းလင်းတင်ပြကြပြီး တက်ရောက် လာကြသည့် ဌာနဆိုင်ရာ တာဝန် ရှိသူများက သက်ဆိုင်ရာ ကဏ္ဍ အလိုက် ရှင်းလင်း တင်ပြကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးမောင်မောင်ဆန်း တို့က အသက် ၁၈ နှစ်အထက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံ ပြီးစီးမှုကာလ ခြောက်လနှင့် အထက်ရှိသော ပြည်သူများကို ထပ်ဆောင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေးနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုနှင့် ပတ်သက်၍ တစ်မြို့နယ် ချင်းအလိုက် သုံးသပ်ဆွေးနွေးကြ သည်။
ဆက်လက်၍ ပြည်နယ်လူမှု ရေးရာဝန်ကြီး ဦးသန့်ဇင်က ဇွန် ၂၈ ရက်အထိ ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်ရန် လျာထားမှုအခြေ အနေ၊ တွေ့ကြုံရသည့် အခက် အခဲများ၊ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) များကို Software Program ဖြင့် ထည့်သွင်းနိုင်ရေး ဆောင်ရွက်မည့် အခြေအနေ၊ ပြည်နယ်အစိုးရအဖွဲ့ မှ ဖြည့်ဆည်းပေးရန် လိုအပ်ချက် များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် တင်ပြချက်များ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)



