ချင်းပြည်နယ်၌ ပြည်သူများ ကုန်စျေးနှုန်းသက်သာချောင်ချိစွာဝယ်ယူနိုင်ရေး ဆွေးနွေး

ဟားခါး စက်တင်ဘာ ၁၀ ချင်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် အခြေခံစားကုန်များကို စျေးနှုန်း သက်သာစွာ ဝယ်ယူနိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂)ကို စက်တင်ဘာ ၈ ရက်က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က လတ်တလော ဖြစ်ပေါ်နေသည့် ကုန်စျေးနှုန်း မြင့်တက်မှုကြောင့် အခက်အခဲဖြစ်နေသော အခြေခံလူတန်းစား များအတွက် အခြေခံစားကုန်များကို လက်ရှိ ဒေသစျေးနှုန်းထက် သက်သာသောစျေးနှုန်း ဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယခုလို အစည်းအဝေးပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြည်နယ် အတွင်းရှိ အခြေခံလူတန်းစားများအား ဆန်၊ ဆီ၊ ဆား၊ ပဲ စသည့် အ ခြေခံစားသုံးကုန်များကို လက်ရှိဒေသစျေးနှုန်းထက် သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးအတွက် လိုအပ် မည့်ငွေပမာဏ၊ ရောင်းချပေးသင့်သည့် အခြေခံ စားကုန်အမျိုးအမည်နှင့် အခြားဆောင်ရွက် ရမည့်အစီအမံများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး စေလိုကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာန ချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးထွဋ်လှိုင် က မြို့နယ်အလိုက် အခြေခံစားသုံးကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး အတွက် တပ်မတော်မှ ပံ့ပူးဆောင်ရွက်ပေး နိုင်မည့်အခြေအနေများ၊ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဆလိုင်း လွှန်ဆဝုန်က မြို့နယ်အလိုက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အာလူး၊ ပဲ စသည့်အခြေခံစားကုန် များ သက်သာသောစျေးနှုန်းဖြင့် ရောင်းချနိုင် ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုအခြေ အနေများ၊ ပြည်နယ်စီမံကိန်းဦးစီးဌာန၊ ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပြည်နယ် စာရင်းစစ်ရုံးမှ ပြည်နယ်ဦးစီးမှူးများက အခြေခံစားကုန်များ စျေးနှုန်းသက်သာစွာ ရောင်းချရာတွင် အသုံးပြုမည့် ရန်ပုံငွေကိစ္စများ စသည်တို့ကို ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လိုအပ်ချက်များ အကြံပြုဖြည့်စွက်ဆွေးနွေး၍ ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ခရိုင် (ပြန်/ဆက်)