ချင်းပြည်နယ်၌ ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းဆပ်ကော်မတီရှစ်ခုကို ဖွဲ့စည်းထားပြီးဖြစ်

 

ဟားခါး    ဇွန်    ၆
ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၁/၂၀၂၄) ကို  ဇွန် ၆ ရက်က    ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမ၌ ကျင်းပရာ  ပြည်နယ် ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ   လုပ်ငန်းကော်မတီနာယက    ပြည်နယ် ဝန်ကြီးချုပ်    ဒေါက်တာဝုန်ဆွန်းထန်   တက်ရောက် သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကလေးအလုပ် သမား   ပပျောက်ရေးကော်မတီသည်   အခြေအနေ အချိန် အခါအရ  လိုအပ်သည့်   ကော်မတီဖြစ်ကြောင်း၊ ကလေးအလုပ်သမားသည် အချိန်တိုင်း၊ နေရာတိုင်း မှာရှိနိုင်ကြောင်း၊ ပြည်နယ် ကလေးအလုပ်သမား         ပပျောက်ရေးလုပ်ငန်း       ဆပ်ကော်မတီရှစ်ခုကို    ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက်   ဆပ်ကော်မတီ အလိုက်   ကလေးအလုပ်သမားပပျောက်နိုင်ရေး အတွက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်  ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးတင်ပြပေးစေလိုကြောင်း    အမှာစကားပြောကြား သည်။ 
ယင်းနောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန   ညွှန်ကြားရေးမှူး   ဦးဟုန်းကီးက ချင်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ ကလေးအလုပ်သမား ပပျောက်ရေး    ဆောင်ရွက်ပြီး၊     ဆောင်ရွက်ဆဲနှင့်  ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို  ရှင်းလင်း တင်ပြသည်။ 
ဆက်လက်၍  ဆပ်ကော်မတီများမှ ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက မိမိတို့ဆပ်ကော်မတီ အလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က  လိုအပ် သည်များ      ပေါင်းစပ်ညှိနှိုင်း    ဆောင်ရွက်ပေးခဲ့ ကြောင်း  သိရသည်။             
 ခရိုင် ( ပြန်/ဆက် )