ချင်းပြည်နယ်အတွင်း စားသုံးသူဆိုင်ရာ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ရန်ဆွေးနွေး

ဟားခါး  စက်တင်ဘာ  ၃၀


ချင်းပြည်နယ်      စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး  (၉/၂၀၂၃)  ကို စက်တင်ဘာ   ၂၈    ရက်က     ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်စီးပွားရေးရာ ဝန်ကြီးရုံး     အစည်းအဝေးခန်းမ၌     ကျင်းပရာ အစည်းအဝေးသို့     ပြည်နယ်စားသုံးသူရေးရာ    ကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း        တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်နယ်စီးပွားရေးရာ        ဝန်ကြီးက ပြည်နယ်စားသုံးသူရေးရာ ကော်မတီအနေဖြင့် ယခင်အစည်းအဝေးက      ဆုံးဖြတ်ထားသည့် အတိုင်း လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်ကို       အသိအမှတ်ပြုပါ ကြောင်း၊ ဆက်လက်၍ အခြေခံပညာကျောင်းရှိ ကျောင်းဈေးတန်းများ ကွင်းဆင်းစစ်ဆေးရန် နှင့်        စားသုံးသူဆိုင်ရာ      အသိပညာပေး ဟောပြောပွဲများဆောင်ရွက်ရန်   ပြောကြား သည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ပြည်နယ်စားသုံးသူရေးရာ ကော်မတီအတွင်းရေးမှူး၊    စားသုံးသူရေးရာ ဦးစီးဌာနမှ    ပြည်နယ်ဦးစီးမှူး   ဦးလှမိုးနိုင်က ယခင်အစည်းအဝေး      ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေ အနေနှင့်  ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်း အစီအမံများကို  ရှင်းလင်းတင်ပြသည်။  
ထို့နောက်   တက်ရောက်လာကြသည့်  ပြည်နယ်စားသုံးသူရေးရာ ကော်မတီဝင်များ က    လုပ်ငန်းဆောင်ရွက်နိုင်မှုအပေါ်   လိုအပ် သည်များ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရ သည်။                              

ခရိုင် (ပြန်/ဆက်)