
ဟားခါး ဇန်နဝါရီ ၈
ချင်းပြည်နယ် အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ရှင်းလင်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ ပြည်နယ် စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ချင်း ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်း အောင် တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်နယ်စီမံကိန်းကော်မရှင် ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေး ဟာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်မည့် စီမံကိန်း အတွက် အတည်ပြုဆုံးဖြတ်ပေး မည့် အစည်းအဝေးဖြစ်ကြောင်း၊ ငွေလုံးငွေရင်းဖြင့် အဆောက်အအုံ ဆောက်လုပ်မည်ဆိုပါက မြေနေရာ ရရှိပြီးမှသာ ဆောက်လုပ်ရမည် ဖြစ်ကြောင်း၊ ပြည်နယ်ဝန်ကြီး များအနေဖြင့် မိမိတို့ကြီးကြပ်မှု အောက်မှာရှိသည့် ဌာနများနှင့် နှစ်ပတ်တစ်ခါတွေ့ဆုံ၍ ရန်ပုံငွေ ရရှိမှု၊ လုပ်ငန်းအလိုက် ဆောင် ရွက်ပြီးစီးမှု၊ ရန်ပုံငွေထုတ်ယူ သုံးစွဲမှုကို တစ်လတစ်ကြိမ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ တင်ပြ ရန်လိုကြောင်း၊ ထိုသို့တင်ပြရာ တွင် မှတ်တမ်းဓာတ်ပုံများနှင့် အတူ တည်ဆောက်ရေးကြီးကြပ် စစ်ဆေးမှုကော်မတီ၏ စစ်ဆေးမှု ကိုပါ ပူးတွဲရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ် စီမံကိန်းကော်မရှင် အဖွဲ့ဝင်၊ ပြည်နယ် စီးပွားရေးဝန်ကြီး ဦးဟန်ကျင့်ဇမ်းက ငွေလုံးငွေရင်း ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း များကို တင်ပြရာတွင် ဘဏ္ဍာရေး နှစ်အတွင်း အမှန်တကယ်ဆောင် ရွက်နိုင်မည့် လုပ်ငန်းများကိုသာ တင်ပြသွားရန် ပြောကြားပြီး ဖြစ်သည့်အတွက် အတည်ပြုထား သည့် လုပ်ငန်းစီမံကိန်းများကို အချိန်မီပြီးစီးအောင် ဆောင်ရွက် နိုင်ရေး ကြပ်မတ်ဆောင်ရွက်သွား ရန် ပြောကြားပြီးနောက် တက် ရောက်လာကြသော ပြည်နယ်စီမံ ကိန်းကော်မရှင်အဖွဲ့ဝင် ပြည်နယ် စီမံကိန်းဦးစီးဌာနမှူးနှင့် ပြည်နယ် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန မှူးတို့က ဆွေးနွေးဆုံးဖြတ်ရမည့် အချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များ အပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်သယံ ဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း နှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန် ဒုတ်ကျင့်တို့က အကြံပြုဆွေးနွေး ကြပြီးနောက် ဆုံးဖြတ်ရမည့် အချက်များကို တစ်ခုချင်းစီ ဆွေးနွေးဆုံးဖြတ်ကြကာ ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရ သည်။
မောင်တက်လမ်း