
ပလက်ဝ မတ် ၂၉
ချင်းပြည်နယ် ပလက်ဝမြို့နယ် တမန်းသားစံပြကျေးရွာတွင် ကျေးရွာ ချင်းဆက်လမ်း သစ်သားတံတားဖွင့်ပွဲကို ယနေ့နံနက်က အဆိုပါတံတား ၌ ကျင်းပသည်။ အဆိုပါတံတားကို နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးချုပ် စိုးမင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ခရိုင်ကျေးလက် ဦးစီးမှူး ဦးသန်းစိုးဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးနိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ပလက်ဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးလက်နေပြည်သူများ လူမှုဘဝအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) စီစဉ်ထောက်ပံ့ငွေဖြင့် အလျား ပေ ၆၀ ၊ အနံ ခြောက်ပေ၊ အမြင့် ကိုးပေရှိ သစ်သားတံတား ဆောက်လုပ်ခြင်းလုပ်ငန်း ကို ငွေကျပ် သိန်း ၁၀၀ အကုန်ကျခံကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)