ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ဆန်၊ ဆီ၊ စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်

 

ပလက်ဝ   မေ   ၉


ချင်းပြည်နယ်   ပလက်ဝမြို့နယ် အတွင်းရှိ   ယာယီတိုက်ပွဲရှောင် ပြည်သူများအား  နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့်   ချင်းပြည်နယ် အစိုးရအဖွဲ့တို့ပူးပေါင်းပြီး ဆန်၊ ဆီ၊  ဆား  စားနပ်ရိက္ခာ  ပစ္စည်း များ   ထောက်ပံ့ပေးအပ်ပွဲ  အခမ်း အနားကို  ယနေ့နံနက် ၁၀    နာရီ က    မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန           ကီမိုခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်   နယ်မြေခံ တပ်မမှူး    ဗိုလ်မှူးချုပ်  မင်းမင်း ထွန်းက အမှာစကား ပြောကြား ပြီး     နယ်စပ်ရေးရာဝန်ကြီး ဌာနမှ သိန်း ၅၀ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊    ခေါက်ဆွဲခြောက် စသည့်   စားနပ်ရိက္ခာပစ္စည်းများ နှင့် ချင်းပြည်နယ်  အစိုးရအဖွဲ့မှ ငွေကျပ်  ၂၂၁၂၀၀၀၀  စုစုပေါင်း ငွေကျပ်   ၂၇၁၂၀၀၀၀    တန်ဖိုးရှိ  ဆန်၊ ဆီ၊  ဆား၊ ကုးလားပဲ၊ ကြက် သွန်နီ၊ ကြက်သွန်ဖြူ၊ ခေါက်ဆွဲ ခြောက်     စသည့်ပစ္စည်းများကို နယ်မြေခံတပ်မမှူး  ဗိုလ်မှူးချုပ်      မင်းမင်းထွန်းနှင့်      ဒုတိယခရိုင်       အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး   ထွန်းဝေ၊ ခရိုင်  လ.ဝ.က ဦးစီးမှူး ဦးဝင်းနိုင် တို့က ထောက်ပံ့ပေးအပ် ကြသည်။

 


အဆိုပါ     အခမ်းအနားတွင် နယ်မြေခံတပ်မမှူး   ဗိုလ်မှူးချုပ်  မင်းမင်းထွန်းနှင့် တပ်မတော်အရာ  ရှိများ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိ/ဖ များ၊ ယာယီတိုက်ပွဲရှောင် ပြည်သူ များ      တက်ရောက်ကြကြောင်း သိရသည်။  

 
မြို့နယ်(ပြန်/ဆက်)