
နေပြည်တော် ဒီဇင်ဘာ ၇
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင် သော ပြည်သူလူထုများနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေး တာဝန်ရှိသူများကို ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ် ချက်များဖြင့် အချို့နေရာများတွင် အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက် ရှိသည့်အပြင် ကလေးသူငယ်များ ပညာသင်ကြား နေသည့် စာသင်ကျောင်းများကိုပါ လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးလျက် ရှိသည်။
ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် လျက်ရှိရာ ယနေ့နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ CDF အကြမ်းဖက်သမားများက ကျောင်း၏အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာ၊ အရှေ့တောင်ဘက်နှင့် အရှေ့မြောက်ဘက်တို့မှနေ၍ လက်နက်မျိုးစုံဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျောင်းလုံခြုံ ရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက ပြန်လည် ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သမားများ ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ် များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။ သတင်းစဉ်