
ဟားခါး ဇန်နဝါရီ ၅
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က မြို့နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းနှင့် ဆေးပစ္စည်းလိုအပ်ချက် များကို ဖြည့်ဆည်းနိုင်ရေးအတွက် တွက်ချက်တင်ပြ ရန်လိုကြောင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်မှု အားနည်း သည့်မြို့နယ်များ အပြည့်အဝထိုးနှံနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ ပိုးတွေ့ရှိမှုများပြားသည့် ချွန်ကျုံးကျေးရွာရှိ လူနာ များအတွက် ဆေးဝါးများ ဆက်လက်ထောက်ပံ့ရန် လိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကာကွယ်ဆေးထိုးနှံခြင်း နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးမောင်မောင်ဆန်းတို့က အကြံပြုဖြည့်စွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက် မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ် မျိုးထွဋ်လှိုင်တို့က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)