ခနောက်စိမ်းသန့်စင်စက်ရုံ တည်ဆောက်နိုင်ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ်အား လာရောက်တွေ့ဆုံ

 

ဘားအံ   ဩဂုတ်   ၃၀


ကရင်ပြည်နယ်    ဘားအံမြို့နယ် အတွင်း      Than   Lwin  Shwe Technology     Co.,Ltd.     မှ အမေရိကန်ဒေါ်လာ  နှစ်သန်းခန့်  ရင်းနှီးမြှုပ်နှံ၍    ခနောက်စိမ်း သန့်စင်စက်ရုံ  တည်ဆောက်နိုင် ရေးအတွက်   ဩဂုတ်  ၃၀ ရက် မွန်းလွဲ ၂  နာရီက     ကရင်ပြည်နယ် ဝန်ကြီးချုပ်     ဦးစောမြင့်ဦးနှင့်  အစိုးရအဖွဲ့ဝင်များအား     ကရင် ပြည်နယ်အစိုးရအဖွဲ့ရုံး  ဧည့်ခန်းမ ၌  လာရောက်တွေ့ဆုံသည်။

 


ထိုသို့  တွေ့ဆုံရာတွင်  Than  Lwin    Shwe     Technology Co.,Ltd. မှ တာဝန်ရှိသူတစ်ဦးက တစ်နှစ်လျှင်  ခနောက်စိမ်းတန်ချိန်   ၉၀၀  ခန့်     ထုတ်လုပ်နိုင်သော ၄၅ နှစ်သက်တမ်းရှိ ခနောက်စိမ်း သန့်စင်စက်ရုံကို  တည်ဆောက် လိုကြောင်း၊  မြေဧရိယာ ရှစ်ဧကမှ ၁၀ ဧကခန့်ပေါ်တွင် မီးခိုးထွက်မှု မရှိသလောက်   နည်းပါးသော သန့်စင်သည့်    နည်းပညာကို     အသုံးပြုသွားမည်ဖြစ်ပြီး  ဒေသ တွင်း အလုပ်အကိုင်အခွင့်အလမ်း များ  ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်မည့်    အစီအစဉ်များ ကို   ရှင်းလင်းတင်ပြရာ  ပြည်နယ် ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများ က   ဥပဒေလုပ်ထုံး   လုပ်နည်း များနှင့်အညီ     သတ်မှတ်စည်းမျဉ်း စည်းကမ်းများအတိုင်း အဆင့်ဆင့် ရေးဆွဲတင်ပြရန်နှင့်      လိုအပ် သည်များ       ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း     သိရ သည်။


စောမျိုးမင်းသိန်း(ပြန်/ဆက်)