ခံစစ်ဆိုးရွားတဲ့ မန်ယူကို ကျော်ဖြတ်ကာ ပထမဆုံးလိဂ်နိုင်ပွဲ ဘန်လေ ရှာတွေ့သွားနိုင်မလား

 

ဘန်လေနဲ့ မန်ယူ


ဘန်လေနဲ့     မန်ယူအသင်းပွဲကို တနင်္ဂနွေနေ့ နံနက် ၁ နာရီခွဲမှာ ယှဉ်ပြိုင်ကစားသွားမှာ   ဖြစ်ပါ တယ်။  ရှုံးပွဲဆက်နေတဲ့  အသင်း အချင်းချင်းတွေ့ဆုံမှုကြောင့် နိုင်ပွဲ ရရှိရေး   ခြေကုန်ထုတ်လာမှာ သေချာပါတယ်။ ခံစစ်ဆိုးရွားနေ တဲ့   မန်ယူကို    ကျော်ဖြတ်ပြီး ဘန်လေအသင်းအနေနဲ့  ပထမ ဆုံး  ပရီမီယာလိဂ်  နိုင်ပွဲရှာတွေ့ သွားဖွယ်ရှိတယ်။ 
အာဆင်နယ်နဲ့ စပါး
ယခုတစ်ပတ်ရဲ့   အကောင်း ဆုံးပွဲစဉ်ဖြစ်တဲ့အပြင်  နိုင်ပွဲဆက် နေတဲ့ အသင်းအချင်းချင်းတွေ့ဆုံ မှုကြောင့်     ယခင်ပွဲစဉ်တွေထက်    ပြိုင်ဆိုင်မှု        ပြင်းထန်လာမှာ သေချာတယ်။       နှစ်သင်းကြား ခြေစွမ်းကွာဟမှု        ကြီးကြီးမားမား မရှိတာကြောင့် ရရှိလာတဲ့ အခွင့်အရေးကို  အဆုံးသတ်သေချာတဲ့အသင်းက  ရလဒ် ကောင်း ရရှိသွားဖွယ်ရှိတယ်။  ဒီပွဲစဉ်ကို တနင်္ဂနွေနေ့  ည ၇ နာရီခွဲမှာ ယှဉ်ပြိုင်ကစား သွားမှာပါ။ 
လီဗာပူးနဲ့ ဝက်စ်ဟမ်း
ပြိုင်ပွဲစုံ နောက်ဆုံးငါးပွဲဆက် နိုင်ပွဲရရှိ ထားတဲ့ လီဗာပူးအသင်းအနေနဲ့ ခြေစွမ်း ထက်မြက်မှုရှိတဲ့   ဝက်စ်ဟမ်းအသင်းကို အသာရဖို့ မလွယ်ဘူး။  ဒါ့အပြင်  ရမှတ် ဆုံးရှုံးမှုမဖြစ်ပေါ်စေဖို့အတွက် ကြိုးစားလာ မယ့်   ဝက်စ်ဟမ်းအသင်းကြောင့် လီဗာပူး အသင်း  အခက်တွေ့နိုင်ပြီး မထင်မှတ်ဘဲ ရှုံးပွဲကြုံတွေ့သွားနိုင်တယ်။ 
ဒီပွဲစဉ်ကိုလည်း တနင်္ဂနွေနေ့ ည ၇ နာရီခွဲမှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါ တယ်။                                      

မိုးဇက်