ချမ်းသာနိုင်ငံများ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးရန်ပြင်ဆင်မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရှုတ်ချ

 

နှင်းမိုးအိမ်

ကမ္ဘာပေါ်ရှိ  အချို့သောနိုင်ငံများတွင်   ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် ရုန်းကန်နေရချိန် ချမ်းသာ သည့်နိုင်ငံများတွင်မူ တတိယအကြိမ်  ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးနိုင်ရေးအတွက်   ပြင်ဆင် နေကြပြီဖြစ်သည်။  
ရှုတ်ချပြောဆို 
ကာကွယ်ဆေးအညီအမျှမရရှိမှုမှာ လူသား မျိုးနွယ်အပေါ်တွင် ရှက်ဖွယ်လိလိဖြစ်ရပ်တစ်ခုဟု   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏   ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ တက်ဒရို့စ် အက်ဒ်ဟာနွန်ဂီဘရီယက်ဆုက ပြောသည်။ ချမ်းသာကြွယ်ဝသည့်  နိုင်ငံများသည်   ကိုဗစ် -၁၉ ကာကွယ်ဆေးကို  နောက်တစ်ကြိမ် အပို ဆောင်း၍ ထိုးပေးနိုင်ရေးအလျင်စလို လုပ်ဆောင် လာကြသည့်အပေါ်   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ဩဂုတ် ၁၈ ရက်နေ့တွင် ရှုတ်ချပြောဆိုခဲ့သည်။ 
သက်သေပြချက်မျိုးမရှိသေး 
တစ်ကမ္ဘာလုံးအနှံ့ သန်းနှင့်ချီသည့် လူများမှာ ကိုဗစ်-၁၉  ကာကွယ်ဆေး  အနည်းဆုံးတစ်ကြိမ် မျှပင် မထိုးရသေးချိန်  ချမ်းသာသည့်နိုင်ငံများက ၎င်းတို့ နိုင်ငံသားများအား နောက်တစ်ကြိမ် အပို ဆောင်း၍ ကာကွယ်ဆေးထပ်ထိုးပေးရန် ကြိုးပမ်း မှုမှာမဖြစ်သင့်ဟု ရှုတ်ချပြောဆိုခဲ့ သည်။ အမေရိ ကန်ရှိ ကာကွယ်ဆေးထိုးပြီးသား နိုင်ငံသားများမှာ မကြာမီအချိန်အတွင်း နောက်ထပ်  တစ်ကြိမ်ထပ်၍ ကာကွယ်ဆေးထိုးပေးတော့မည်ဟု အမေရိကန် အာဏာပိုင်များက ကြေညာပြီးသည့်နောက်ပိုင်း တွင် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ   ကျွမ်းကျင်သူ များကမူ နောက်ထပ်အပိုဆောင်း၍ ကာကွယ်ဆေး ထိုးရန်  လိုအပ်သည်ဟု တိကျသည့်သိပ္ပံနည်းကျ သက်သေပြချက်မျိုး မရှိသေးဟု ပြောဆိုခဲ့ကြသည်။  
တောင်းဆိုခဲ့
အခြားသောသူများအတွက်    အသက်ကယ်  အင်္ကျီတစ်ထည်တောင်   မရှိသေးသည့်အချိန်တွင် အသက်ကယ်အင်္ကျီရှိပြီးသားသူများကို နောက်ထပ် အသက်ကယ်အင်္ကျီပေးလိုက်ခြင်းနှင့် တူကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏   အရေးပေါ်ဌာန ညွှန်ကြားရေးမှူးဖြစ်သူ မိုက်ခ်ရွိုင်ယန်က သတင်း ထောက်များကိုပြောသည်။ ယခုလ  အစောပိုင်းက လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးသည် ကိုဗစ် -၁၉ ကာကွယ်ဆေးနောက်ထပ်အပိုဆောင်း၍ ထိုးပေး ခြင်းကို  တားမြစ်ရန်တောင်းဆိုခဲ့သည်။   ချမ်းသာ ကြွယ်ဝသည့်နိုင်ငံများနှင့်   ဆင်းရဲသည့်နိုင်ငံများ အကြား ကာကွယ်ဆေးရရှိနိုင်မှုပမာဏ ခြားနားနေ သည်ကို ဖြေရှင်းရန်အတွက် ယင်းသို့  တောင်းဆိုခဲ့ ခြင်းဖြစ်သည်။ 
ပြင်ဆင်လာကြ 
ဗီဇပြောင်း  ဒယ်လ်တာဗိုင်းရပ်စ်    ကူးစက်မှု များပြားလာသည့်အချိန် ချမ်းသာသည့်နိုင်ငံများမှာ တတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးရန် ပြင်ဆင်လာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ကိုဗစ်-၁၉ ကာကွယ်ဆေး၏   စွမ်းဆောင်ရည်မှာ ကျဆင်းလာသည်ဟု အမေရိကန်အာဏာပိုင်များက သတိပေးထားသည်။ အမေရိကန်တွင်   တတိယ အကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၀ ရက်မှစတင်ကာ ပြုလုပ်သွားမည်ဟု ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။  
ခွင့်ပြုပေးခဲ့ပြီးဖြစ် 
ကာကွယ်ဆေး   ထိုးထားခြင်းကြောင့်   ရောဂါ လက္ခဏာပြင်းထန်ခြင်း၊   ဆေးရုံတက်ရခြင်းနှင့် ကိုဗစ်-၁၉ ကြောင့် သေဆုံးရခြင်းတို့ကို ထိရောက်စွာ အကာအကွယ်ပေးနိုင်သည်။ ကာကွယ်ဆေး   အပို ဆောင်း၍ ထပ်မထိုးလျှင်တောင်မှ သေဆုံးမှုနှုန်းနှင့် ရောဂါလက္ခဏာပြင်းထန်မှုတို့ကို လျှော့ချပေးနိုင် သည်ဟု အရာရှိများက  ပြောသည်။   ကိုယ်ခံအား နည်းပါးသည့်   လူများအတွက်   အပိုဆောင်း၍ ကာကွယ်ဆေးထိုးခြင်းကို အစိုးရက ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။
လူတိုင်းထိုးရန်မလို 
 အစ္စရေးနိုင်ငံသည် အသက် ၅၀နှင့်အထက်များကို တတိယအကြိမ်  ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးမှု စတင်ခဲ့ပြီးဖြစ်သည်။ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည်လည်း ပြင်သစ်နိုင်ငံသည် စက်တင် ဘာလမှစတင်ကာ   ကိုဗစ်-၁၉   ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးရန် ပြင်ဆင်မှုများပြုလုပ် နေသည်ဟုပြောကြားခဲ့သည်။
ကူးစက်ရန်လွယ်ကူသည့်     လူများအတွက် ကာကွယ်ဆေးကို  တတိယအကြိမ်     ထိုးပေးမည် ဖြစ်ပြီး လူတိုင်းလူတိုင်းထိုးရန်   မလိုအပ်ကြောင်း၊ သက်ကြီးရွယ်အိုများနှင့်  ထိခိုက်လွယ်သည့်လူများအတွက်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
ပို၍ အရေးကြီးသည့်အချက် 
အစ္စရေးနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးတတိယအကြိမ်ထိုးနှံခြင်းကို စတင်ခဲ့သလို ဗြိတိန် နှင့် ဂျာမနီနိုင်ငံတို့သည်လည်း     လာမည့်လအတွင်း နောက်တစ်ကြိမ် ကာကွယ်ဆေးအတွက် ပြင်ဆင်မှု များ လုပ်ဆောင်နေပြီဖြစ်သည်။  ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏  ညွှန်ကြားရေးမှူးချုပ်ကမူ ဆင်းရဲ သည့်နိုင်ငံများမှ ပြည်သူများ ကာကွယ်ဆေး မထိုး ရသေးခင်   အချိန်အထိ    အဆိုပါအစီအစဉ်ကို ရွှေ့ဆိုင်းထားရန် တောင်းဆိုခဲ့သည်။ 
နောက်ထပ်အပို ကာကွယ်ဆေးထိုးရန်  လိုအပ် ခြင်းရှိ မရှိကို သက်သေပြရန်အချက်များ လိုနေသေး သကဲ့သို့ ဆင်းရဲပြီးဝင်ငွေနိမ့်သည့် နိုင်ငံများတွင်ကာကွယ်ဆေးထိုးပေးရန်မှာ ပို၍အရေးကြီးသည့် အချက်ပင်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ၏ ကျွမ်းကျင်သူများက ပြောသည်။  
ပို၍ပင်အရေးကြီး 
နောက်ထပ်   အပိုဆောင်း၍    ကာကွယ်ဆေး ထိုးမပေးခင် တစ်ကြိမ်တစ်ခါမျှ    ကာကွယ်ဆေး မထိုးရသေးသူများကို  ထိုးပေးရန်မှာ   ပို၍ပင် အရေးကြီးသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူက ပြောသည်။ 
တစ်ကြိမ်သာထိုးရန်   လိုအပ်သည့်   J&J ကာကွယ်ဆေးကို တောင်အာဖရိကတွင် ထုတ်လုပ် ပြီးနောက် ဥရောပသို့တင်ပို့ရန် ပြင်ဆင်ခဲ့သည်။ J&J ကုမ္ပဏီအနေဖြင့်လည်း ၎င်းတို့ ထုတ်လုပ်သည့် ကာကွယ်ဆေးကို    ပြည့်စုံလုံလောက်ပြီးသား ဥရောပနိုင်ငံများသို့တင်ပို့ရန် မစဉ်းစားမီ အာဖရိက သို့ တင်ပို့ရန်သာ ဦးစားပေးစဉ်းစားသင့်သည်ဟု ၎င်းက တိုက်တွန်းခဲ့သည်။ 
လုံးပါးပါးနေရဦးမည် 
ကာကွယ်ဆေးဖြန့်ဝေပေးရာတွင် မျှတမှုမရှိ ခြင်းမှာ လူသားမျိုးနွယ်အတွက် ရှက်ဖွယ်လိလိ ကိစ္စရပ်ဖြစ်သကဲ့သို့ ယင်းပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်ခြင်းမရှိပါက   နှစ်ပေါင်းများစွာကြာ အောင် ဗိုင်းရပ်စ်နှင့်  လုံးပါးပါးနေရဦးမည်ဟု ၎င်း က ဆက်လက်ပြောကြားခဲ့သည်။ တောင်အာဖရိက မှ အင်န်ဂျီအိုများကလည်း   တောင်အာဖရိကမှာ ကာကွယ်ဆေးများတင်ပို့မှုကို ရှုတ်ချခဲ့ကြသည်။   
ယခုအချိန်အထိ  အာဖရိကတွင် လူပေါင်း ၁ ဒသမ ၃ ဘီလီယံသာ ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးရသေးသည့်အချိန်တွင် ဥရောပသို့တင်ပို့ရခြင်း ကို ရှုတ်ချပြောဆိုခဲ့ကြသည်။ 
ထုတ်ပြန်ခဲ့ 
တောင်အာဖရိကတွင်  ထုတ်လုပ်ပြီးသော ကာကွယ်ဆေးများကို  မတ်လတွင်  ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့သို့  တင်ပို့ခဲ့ကြောင်း အင်န်ဂျီအိုများက ဩဂုတ် ၁၇ ရက်တွင် ကြေညာ ချက် ထုတ်ပြန်ခဲ့သည်။ 
J&J   ကုမ္ပဏီသည်လည်း   ကာကွယ်ဆေးကို ချမ်းသာသည့်နိုင်ငံများသို့ ဦးစားပေးကာ တင်ပို့ခဲ့ သည့်အတွက် ကာကွယ်ဆေးအဆင့်အတန်းခွဲခြားမှုတွင် ကြံရာပါပင်ဖြစ်သည်ဟု တောင်အာဖရိကအင်န်ဂျီအိုတစ်ခုဖြစ်သည့်   ကျန်းမာရေးမျှတမှု လှုပ်ရှားမှုအသင်းမှ     ဖာတီမာဟတ်ဆန်က အေအက်ဖ်ပီသို့ ပြောသည်။           ။

ကိုးကား - အေအက်ဖ်ပီ