မန္တလေး ဖေဖော်ဝါရီ ၁၅
ချမ်းမြသာစည်မြို့နယ်ရှိ ဇီဝိတ ဒါနသံဃာ့ဆေးရုံကြီး (ကန်တော် ကြီး)၏ စီမံခန့်ခွဲရေး ဗဟို ကော်မတီ အစည်းအဝေးကိုဆေးရုံ ကြီး၏ အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးအောင် တက်ရောက် သည်။
အစည်းအဝေးတွင် ဇီဝိတဒါန သံဃာ့ဆေးရုံကြီး(ကန်တော်ကြီး) ၏ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေးအလှည့်ကျ သဘာ ပတိအဖြစ် တင်မြှောက်ခဲ့သည့် ပါမောက္ခ ဒေါက်တာမြမောင်က ဆေးရုံကြီး စတင်ဖွင့်လှစ်ကုသပေး နေသည့်အချိန်မှစ၍ ယနေ့အထိ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ကြုံတွေ့နေရသည့် အခြေအနေ များကို ဆွေးနွေးတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားရာ တွင် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး တွင် ဆေးဝါးကုသမှု ခံယူနေ ကြသည့် ဂိလာနသံဃာနှင့် သီလရှင်များ၊ လူပုဂ္ဂိုလ်များအား စိတ်ချမ်းမြေ့စေရေး၊ ဆေးရုံကြီး အတွင်းအပြင် သန့်ရှင်းသာယာ ရေး၊ ဆေးရုံလုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများ ရေရှည် လည်ပတ်နိုင်ရေးတို့ကို အားလုံး ညီညွတ်စွာဖြင့် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လည်း ဆေးရုံအတွက် လိုအပ် ချက်များရှိပါက ချက်ချင်းဆောင် ရွက်ပေး၍ ရသည်များကိုချက်ချင်း ဆောင်ရွက် ပေးနေကြောင်း၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး တွင် သဒ္ဓါတရားထက်သန်စွာဖြင့် စေတနာအလျောက် လုပ်အားဒါန ပေးနေကြသူများ ဖြစ်သည့် အတွက် အလွန်မွန်မြတ်သူများ ဖြစ်ပါကြောင်းနှင့် လိုအပ်သည် များကိုလည်း ဖြည့်ဆည်းဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တက်ရောက် လာသည့် ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(မန္တလေး) စီမံခန့်ခွဲရေး ဗဟို ကော်မတီဝင်များ၊ အကျိုးဆောင် ဆရာဝန်ကြီးများက စီမံအုပ်ချုပ် ရေး၊ ကုသရေး၊ ဘဏ္ဍာငွေရရှိရေး နှင့် ရှေ့ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိလုပ်ငန်းများနှင့် ပတ်သက် ၍ ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြသည့်အပေါ် တိုင်း ဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေး ကြောင်း သိရသည်။
သတင်းစဉ်



