
နေပြည်တော် ဒီဇင်ဘာ ၉
ဒီဇင်ဘာ ၈ ရက်တွင် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် ၃၀ x ၆၃ လမ်းထောင့်၌ လုံခြုံရေးပူးပေါင်းအဖွဲ့က နယ်မြေအတွင်း လှည့်ကင်း ဆောင်ရွက်နေစဉ် ခိုင်ဇင်ဇူး(၂၀)နှစ်ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ Silence Strike Campaign ပြုလုပ်ရန် လှုံ့ဆော်ရေးသားထားသည့် လက်ကမ်းစာစောင်များနှင့် ပိတ်စ တစ်ခုတို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်းနေထိုင်သည့် ချမ်းအေး သာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် ရေနီမြောင်း လမ်းသွယ်ရှိ နေအိမ်အား ထပ်မံရှာဖွေခဲ့ရာ လက်လုပ်မိုင်းမျိုးစုံ အလုံး ၁၀၀၊ ယမ်းကြိုး ၃၃ ခု၊ ဒိုင်းကာ အခု ၃၀၊ ကျည်ကာအင်္ကျီ သုံးထည်၊ ခွပ်ဒေါင်းပုံပါ ဗကသအလံ တစ်ခု၊ ဆေးပစ္စည်းမျိုးစုံနှင့် ဆန္ဒပြရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
တရားခံ ခိုင်ဇင်ဇူး၏ ထွက်ဆိုချက်အရ မန္တလေးမြို့ အတွင်း ဆူပူဆန္ဒပြခြင်းများ အဓိကဦးဆောင်သူမှာ ဖမ်းဆီးရန် ကျန် တရားခံ အစွန်းရောက် NLD ပါတီဝင် သူရအောင်ဖြစ်ပြီး ၎င်းမှ ဆန္ဒပြသူများ စုစည်းနေထိုင်ရန် အတွက် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးမျက်မှန်ရပ်ကွက် ရေနီ မြောင်းလမ်းသွယ်ရှိ နေအိမ်အား ငှားရမ်းထားခြင်းဖြစ်ပြီး အဆိုပါ နေအိမ်တွင် ဖမ်းဆီးရန်ကျန် လှလှ၊ ဝင့်ဝါ၊ ငြိမ်းချမ်းပြည့်စုံ၊ ဟိန်းမင်းဇော်နှင့် စိုးလင်းအောင် တို့ ခြောက်ဦးစုစည်းနေထိုင်၍ မန္တလေးမြို့တွင်း ဆူပူဆန္ဒပြမှု များ ဖြစ်ပေါ်စေရေး လိုက်လံ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
တရားခံ ခိုင်ဇင်ဇူး၏ ထွက်ဆိုချက် အရ မန္တလေးမြို့အတွင်း ဆူပူ ဆန္ဒပြရာတွင် အသုံးပြုသည့် ဆိုင်းဘုတ်များ၊ ပိုစတာများအား ဟိန်းမင်းဇော်မှ ပိတ်စများ ဝယ်ပေးပြီး အဆိုပါနေအိမ်၌ ဆော့ပင်/မှုတ်ဆေးများ အသုံး ပြု၍ ရေးသားပြုလုပ်ကြောင်း၊ ဆူပူဆန္ဒပြရာတွင် အသုံးပြုမည့် လိုအပ်သည့်ပစ္စည်းများ၊ ဆန္ဒပြ လိုက်ပါသူများ၏ စားဝတ်နေရေး အတွက် ငွေကြေးအား သူရအောင် မှ အဓိကထောက်ပံ့၍ စေခိုင်းလျက် ရှိကြောင်း ဖော်ထုတ်သိရှိရသည်။
ထို့ပြင် သူရအောင်၏ စေခိုင်း ချက်အရ ဒီဇင်ဘာ ၁၀ ရက်တွင် ပြည်သူလူထု အထိတ်တလန့် ဖြစ်စေရန်၊ နိုင်ငံတကာမှ မြန်မာနိုင်ငံအတွင်း အုပ်ချုပ်မှု ယန္တရား ပျက်ပြားနေသည်ဟု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်၍ Silence Strike Campaign ပြုလုပ်ရန်နှင့် အဆိုပါ နေ့ရက်တွင် ပုံမှန်သွားလာလျက် ရှိသော အများပြည်သူများကို ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူ များအဖြစ်သတ်မှတ်ကာ ထိခိုက် ဒဏ်ရာရရှိစေရန်အတွက် အကြမ်း ဖက်ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိစဉ် ဖမ်းဆီး ခံရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
သို့ဖြစ်ပါ၍ အဆိုပါ ဖမ်းဆီး ရမိတရားခံအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပြီး ပြည်သူလူထု အထိတ် တလန့် ဖြစ်စေရန်နှင့် ထိခိုက် ဒဏ်ရာရရှိစေရန် အကြမ်းဖက် မှု ဆောင်ရွက်နေသူများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်း များရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများကို ထိုက်တန် စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံထားကြောင်း သက်ဆိုင်ရာမှ သိရသည်။
သတင်းစဉ်