ချက်နိုင်ငံ၌ ရထားတိုက်မိမှုကြောင့် လေးဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရ

 

ပရာ့ဂ်    ဇွန်    ၆ 
ချက်သမ္မတနိုင်ငံ၌  ဇွန် ၅ ရက် ညနေပိုင်းတွင်     ခရီးသည်တင် ရထားတစ်စင်းနှင့် ကုန်တင်ရထား တစ်စင်း တိုက်မိပြီးနောက် လေးဦး သေဆုံးခဲ့ပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ချက်ရုပ်မြင်သံကြားတွင် ဖော်ပြခဲ့သည်။    ရထားတိုက်မှု သည် ချက်နိုင်ငံ အရှေ့မြောက်ပိုင်း    မြို့တစ်မြို့ဖြစ်သည့်  ပါဒူဘိုက်စ် တွင် ဒေသစံတော်ချိန် ည ၁၁ နာရီ ခန့်တွင်  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရီးသည်တင်ရထားသည်     ချက် မြို့တော်   ပရာ့ဂ်မှ     ဆလိုဗက် အရှေ့ပိုင်းမြို့ဟောင်း ကော့ရိဆေး သို့    ပြေးဆွဲစဉ်   ကုန်တင်ရထား တစ်စင်းနှင့် ခေါင်းချင်းဆိုင်တိုက်မိ ခဲ့ခြင်းဖြစ်သည်။ 
ဒေသခံ ကယ်ဆယ်ရေးသမား များ၏အဆိုအရ ခရီးသည် ၃၀၀ ကျော်  အဆိုပါရထားနှင့် လိုက်ပါ လာခဲ့ကြောင်း  သိရသည်။ အခင်း ဖြစ်ပွားရာနေရာကို    ရိုက်ယူထား သော   ဓာတ်ပုံထဲတွင်   ပထမဆုံး ရထားတွဲသည် လမ်းချော်နေပြီး တိမ်းမှောက်နေသည်ကို      တွေ့ရ မည်။    ရထားမောင်းသူ   တစ်ဦး တစ်ယောက်မျှ     သေဆုံးခြင်းမရှိ ကြောင်းနှင့် ရထားတိုက်မိမှုသည် အမှားအယွင်း     တစ်ခုခုကြောင့် ဖြစ်နိုင်ကြောင်း သိရသည်။ 
ချက်ဝန်ကြီးချုပ်      ပီတာ ဖီယက်က လူမှုကွန်ရက် စာမျက် နှာဖြစ်သော  X  ပေါ်တွင်  ရထား နှစ်စင်းတိုက်မိမှုသည်   အလွန်ကံ ဆိုးသည့်  ဖြစ်ရပ်ဖြစ်ကြောင်းနှင့် ရထားတိုက်မှုကြောင့်  သေဆုံးသူ များနှင့်       ဒဏ်ရာ      ရရှိသူများ အကြောင်း သုံးသပ်ဆင်ခြင်လျက် ရှိကြောင်း၊ ရထားတိုက်မှုအတွင်း သေဆုံးသူများကို ဝမ်းနည်းကြောင်း ပြောကြားလိုကြောင်း ဖော်ပြထား သည်။ အခင်းဖြစ်ပွားပြီးနောက် ခရီးသည်များကို   အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း    ချက် ရုပ်မြင်သံကြားတွင်       ဖော်ပြခဲ့ သည်။              ဆင်ဟွာ