ချောင်းဦးမြို့နယ် တောပုကျေးရွာရှိ ဘုရားကြီးဘုန်းတော်ကြီးကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမားများက Drone အသုံးပြု၍ Drop Bomb နှစ်လုံး ပစ်ချဖောက်ခွဲမှုကြောင့် ဒေသခံပြည်သူ အမျိုးသမီး ၁၀ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၂၃
နိုင်ငံရေးအစွန်းရောက်  အကြမ်း ဖက်သမားများအနေဖြင့်   နိုင်ငံ တော်အတွင်း တည်ငြိမ်အေးချမ်း မှု  ပျက်ပြားစေရန်နှင့်   ပြည်သူ လူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန်   ရည်ရွယ်၍ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာ ပိုင်အဆောက်အဦများ၊ ဘုန်းတော် ကြီးကျောင်းများ၊   ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတား များနှင့်  စာသင်ကျောင်းများအား အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲ ခြင်းများ   ပြုလုပ်လျက်ရှိသည့် အပြင်   ရဟန်းသံဃာတော်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်    အပြစ်မဲ့ အရပ်သားပြည်သူများအား ခြိမ်း ခြောက်အကျပ်ကိုင်ခြင်း၊ ရက်စက် စွာ       လုပ်ကြံသတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း များ ပြုလုပ်လျက်ရှိသည်။
ထိုသို့    ပြုလုပ်လျက်ရှိရာ ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့် တွင်   စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် တောပုကျေးရွာ ရှိ     ဘုရားကြီးဘုန်းတော်ကြီး ကျောင်းသို့  NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများက  Drone   ဖြင့် Drop Bomb နှစ်လုံးအား ပစ်ချ ဖောက်ခွဲ      တိုက်ခိုက်ခဲ့သဖြင့် အဆိုပါ   ဘုန်းကြီးကျောင်းဝင်း အတွင်း၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် သန့်ရှင်းရေး ဆောင်ရွက်နေသည့်    အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင်    အပြစ်မဲ့ဒေသခံ ပြည်သူ အမျိုးသမီး   ၁၀   ဦး   ဗုံးစ ထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း နှင့်      ဒဏ်ရာရရှိသူများအား   လုံခြုံရေး       တပ်ဖွဲ့ဝင်များက   ချောင်းဦးမြို့   ပြည်သူ့ဆေးရုံသို့     ပို့ဆောင် ဆေးကုသမှုခံယူလျက် ရှိသည်။
ဖြစ်စဉ်တွင်   အကြမ်းဖက်မှု များ၌ ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း နှင့် ယခုကဲ့သို့  NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများ၏ လူမဆန်သည့် အကြမ်းဖက်   လုပ်ရပ်များအား ဒေသခံပြည်သူများက     ရွံရှာ မုန်းတီးလျက်ရှိကြောင်း သတင်း ရရှိသည်။                 သတင်းစဉ်