ချောင်းဆုံမြို့နယ်တွင် ဒေသပေါက်နွားအများစု အရေပြားအကျိတ်ရောင်ရောဂါဖြစ်ပွားနေမှုကြောင့် နွားဈေးနှုန်းများကျဆင်းနေ

 

ချောင်းဆုံ      ဒီဇင်ဘာ    ၂၆


မွန်ပြည်နယ်  ချောင်းဆုံမြို့နယ် တွင်  ယခင်ကိုဗစ်-၁၉ ဖြစ်ပွားနေ သည့်  ကာလအတွင်းမှ  စတင်၍ နွားအရောင်းအဝယ်များ  ရပ်တန့် နေပြီး ယခုအချိန်တွင် နွားအများစု မှာ အရေပြား အကျိတ်ရောင်ရောဂါ ဖြစ်ပွားနေ၍    အခြားဒေသမှ ဝယ်သူများ   မရှိခြင်းတို့ကြောင့် နွားဈေးနှုန်းကျဆင်းနေရကြောင်း ဒေသခံ အိမ်တွင်းတစ်နိုင်တစ်ပိုင် နွားမွေးသူများထံမှ သိရသည်။

 


“အခုတလောမှာတော့   နွား တွေမှာ   အရင်က   မဖြစ်ဖူးတဲ့ ရောဂါတွေ         ဖြစ်နေတယ်။ တချို့ဆို   တိရစ္ဆာန်ဆရာဝန်တွေ နဲ့ဆေးထိုးတာတွေရှိပြီး  နွားတွေ  သေဆုံးတာတွေလည်းရှိနေ တော့ နွားဝယ်သူတွေ မရှိကြဘူး။  ရောင်းမယ်ဆိုရင်တောင်        ဈေး တန်းက    အရင်လောက်မရတော့ ဘူး။   ဈေးက   ထက်ဝက်လောက် ကျတာတွေနဲ့   ရင်ဆိုင်နေရတာ ပါ” ဟု နွားမွေးမြူသူ ဦးတင်အေး ထံမှ သိရသည်။  

 


“နွားတွေမှာက အရင် တစ်လ နှစ်လလောက်က   စပြီးတော့ အရေပြားအကျိတ်ရောင်ရောဂါလို့ ပြောရမှာပေါ့။   ကျေးရွာတွေမှာ တော်တော်များများ   ဖြစ်နေတာ တွေ့ရတယ်။ ကာကွယ်ဆေးတော့ မရှိဘူး။ ရောဂါစ ဖြစ်နေတဲ့အချိန် မှာတော့     ပိုးသတ်ဆေးတွေ ထိုးပြီး    ကာကွယ်လို့တော့ရပါ တယ်”ဟု မြို့နယ် မွေး/ကု ဌာနမှ  မြို့နယ် ဦးစီးမှူး  ဒေါက်တာ  နွဲ့နွဲ့ရီက ပြောသည်။    

 


အဆိုပါ   ရောဂါများဖြစ်ခြင်း ကြောင့်  နွားအရောင်းအဝယ်ထိုင်း နေခြင်း၊    ကိုဗစ်ကာလအတွင်း  ပွဲလမ်းသဘင်များ   မရှိခြင်းတို့ ကြောင့် နွားအရောင်းအဝယ်မရှိ ခြင်းဖြစ်ကြောင်း၊  ယခင်ကာလ မျိုးကောင်း မျိုးသန့် နွားပေါက် ဈေးမှာ တစ်ကောင်လျှင် ငွေကျပ် သိန်း၂၀မှ သိန်း ၁၀၀ ကျော်အထိရှိ ကြောင်း၊ ယခုအခါ ဒေသပေါက် ဈေး   နွားမျိုးသန့်  ဈေးသိန်း၃၀ တန်းမှာ ၁၅  သိန်း လောက်သာ   ရှိကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)