ချောင်းဆုံမြို့နယ်မှ မြေပြိုသည့် ကျေးရွာနှစ်ရွာသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု

 

ချောင်းဆုံ  ဩဂုတ်  ၁၉


မွန်ပြည်နယ်    ချောင်းဆုံမြို့နယ် အတွင်း ကဒါကျေးရွာ၌ မြေပြိုကျ မှု         ဖြစ်ပွားသည့်နေရာများကို ပြည်နယ်                ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့်   တာဝန်ရှိသူ များက    ဩဂုတ်    ၁၈   ရက်တွင်     သွားရောက်ကြည့်ရှု၍ ထောက်ပံ့ ငွေများ ပေးအပ်သည်။  

 


ချောင်းဆုံမြို့နယ်     အတွင်း မိုးအဆက်မပြတ်   သည်းထန်စွာ ရွာသွန်းမှုကြောင့် ကဒါကျေးရွာနှင့် ကလော့-အပြိုင်    ကျေးရွာတို့၌ မြေပြိုကျမှု    ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။  ကဒါကျေးရွာမှ  ပျက်စီး ဆုံးရှုံးခဲ့သည့်    နေအိမ်များနှင့် ကဒါ-ကွမ်ရိုက်        လမ်းပေါ်သို့ ​တောင်မြေပြိုကျမှုကြောင့်  ရှာဖွေ ကယ်ဆယ်ရေး          လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ မြေများ  ထပ်မံပြိုကျလာနိုင်ခြင်း ကြောင့်      အနီးပတ်ဝန်းကျင်ရှိ အန္တရာယ်            ကြုံတွေ့နိုင်သည့် အိမ်ထောင်စုများကို ဘေးလွတ် ရာသို့   ရွှေ့ပြောင်းထားရှိမှု  အခြေ အနေများ၊    ဆွေမျိုးနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းသို့ ပြောင်း ရွှေ့နေမှု       အခြေအနေများနှင့် လိုအပ်သည်များကို    ပြည်နယ် ဝန်ကြီးချုပ်က ကြည့်ရှု၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်     လူမှု ကယ်ဆယ်ရေး          အဖွဲ့ဝင်များ  ပူးပေါင်း  ဆောင်ရွက်သွားကြရန် မှာကြားကာ မြေပြိုကျမှုကြောင့် အိမ်ပျက်စီး          ဆုံးရှုံးသွားခဲ့သည့် အိမ်ထောင်စုဝင်များထံ ဆန်၊ ဆီ၊ ဆားနှင့် ထောက်ပံ့ငွေများ၊ လူသုံး ကုန်ပစ္စည်းများ       ထောက်ပံ့ပေး အပ်ခဲ့​သည်။

 


အလားတူ   မြေပြိုကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ကလော့-အပြိုင် ကျေးရွာသို့လည်း ပြည်နယ်ဝန်ကြီး ချုပ်နှင့်       တာဝန်ရှိသူများက ဩဂုတ် ၁၇ ရက်တွင် သွားရောက် ၍  မြေပြိုမှု     အခြေအနေများကို  ကြည့်ရှုပြီး      မြေပြိုမှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ခြေ ငါးလုံး၊  တစ်စိတ်တစ်ပိုင်း  ပြိုကျ သည့် အိမ်ခြေ ငါးလုံး၊ အိမ်ထောင် စုဝင် ၁၂၆ ဦးအတွက် ဆန်၊  ဆီ၊ ဆား ရိက္ခာနှင့်    ကယ်ဆယ်ရေး ပစ္စည်း  ၁၆ မျိုးကို   ပေးအပ်လှူဒါန်း ခဲ့သည်။          

မြို့နယ်(ပြန်/ဆက်)