
ချောက် မေ ၂၈
မကွေးတိုင်းဒေသကြီး ချောက် မြို့နယ် ရေတွင်းကျေးရွာ ကြွေသီး စက်ရုံဝင်းအတွင်း၌ သစ်တော ဦးစီးဌာနက ဦးဆောင်၍ သဘာဝ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ်အာဝသနှင့် မျက်စိပသာဒ အကျိုးများရရှိရေး၊ ပြည်သူများ သစ်ပင်စိုက်ပျိုး ပွဲတော်တွင် စိတ်ပါဝင်စားစွာ ပါဝင်လာစေရေး ရည်ရွယ်၍ မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုး ပွဲတော်တွင် မြို့နယ်သစ်တော ဦးစီးဌာနက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံ ပြည်သူများထံသို့ ပျိုးပင်များ ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး တင်ထွန်းဦး၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ကြွေသီးစက်ရုံမှူးနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဒေသခံပြည်သူများက ပူးပေါင်းပါဝင် စိုက်ပျိုးခဲ့ကြသည်။
မိုးရာသီ သစ်ပင်စိုက်ပွဲတော် တွင် ကာလဒေသနှင့်ကိုက်ညီ သည့် ယူကလစ်ပင် ၅၀၊ ကုက္ကို ၃၅ပင်၊ တမာ ၃၅ ပင်၊ လျှော်ဖြူ ပင် ၄၀၊ ယင်းမာ ၃၅ ပင်၊ မဲဇလီ ၃၅ ပင်၊ စိန်ပန်းကြီး ၃၅ ပင်၊ သစ်ဆိမ့် ၃၅ ပင် စုစုပေါင်း အရိပ် ရသစ်ပင် ၃၀၀ တို့ကို စိုက်ပျိုး ခဲ့ကြောင်း သိရသည်။
သိမ့်ဝါ(မြို့နယ်ပြန်/ဆက်)