
နေပြည်တော် အောက်တိုဘာ ၁၂
စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားပြီး ၁၉၉၆ ခုနှစ်က လူငယ်ဆိုင်ရာ အမျိုးသားစာပေဆု ရရှိခဲ့သည့် “ချစ်လို့ပြောတာ မှတ်ပါ” စာအုပ်ကို နိုင်စာပေက အကြိမ်(၂၀) မြောက်အဖြစ် ထုတ်ဝေဖြန့်ချိထားပြီဖြစ်သည်။
ဆောင်းပါး ၂၆ ပုဒ် ပါဝင်
အဆိုပါစာအုပ်တွင် စာရေးသူ၏ အမှာနှင့်အတူ စာပေရဲ့အရသာ၊ မပြိုစေလို ရွှေမြင်းမိုရ်၊ တကယ့်အဖိုးတန် ရေခံမြေခံ စိတ်အားသတ္တိအမှန်၊ ရှက်ပြုံးထဲက သင်ခန်းစာ၊ ဓားသွားပေါ်က ပျားရည်စက်များ၊ အဟုတ်ဖြစ်ရမည်၊ ချစ်သောမျက်စိ ဖြင့် ရှုကြရစေ၊ စိတ်သာရှေ့သွား၊ သင်ယူပြုပြင်မှုအလေ့အထ၊ မှတ်ဉာဏ်ခိုင်မာစေတဲ့ နည်းတစ်ခု၊ ဘာသာစကား နားမျက်စိ၊ အောင်မြင်မှုအတွက် ကွက်လပ်တစ်ခု၊ အောင်မြင်ရေး ဆေးသုံးလုံး စသည့်ဆောင်းပါး ၂၆ ပုဒ် ပါဝင်သည်။
ဖြန့်ချိ
လူငယ်များအနေဖြင့် ဘဝတွင် ကြုံတွေ့လာရမည့် အခက်အခဲ၊ လောကဓံများကို စိတ်ဓာတ်ခွန်အားနှင့် ဉာဏ်ပညာတို့ဖြင့် ရင်ဆိုင်ဖြေရှင်း၍ အောင်မြင်သူများ ဖြစ်လာစေရန် ရည်ရွယ်ရေးသားထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး ယင်းစာအုပ်ကို သာကေတမြို့နယ်ရှိ နိုင်စာပေ (ဖုန်း-၀၉ ၅၅၀၃၂၅၄၊၀၉ ၇၃၂၂၄၅၂၄)က တန်ဖိုးငွေကျပ် ၄၀၀၀ ဖြင့် ဖြန့်ချိထားသည်။
မြန်မာ့အလင်း