ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ)ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံမှပြန်လည်ရောက်ရှိ

 

နေပြည်တော်    နိုဝင်ဘာ   ၁၃


အိန္ဒိယနိုင်ငံသို့ နိုဝင်ဘာ ၆ ရက်မှ ၁၃ ရက်အထိ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည့်  ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်   ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်း၊   မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။ 
 

 

ကာကွယ်ရေးဦးစီးချုပ်(ရေ)  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နယူးဒေလီမြို့သို့ ရောက်ရှိ စဉ် National War Memorial သို့ သွားရောက်၍ ဂုဏ်ပြုပန်းခွေချအလေးပြုခဲ့သည်။ ထို့နောက် South Block သို့သွားရောက်ခဲ့ရာ အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနှုတ်ဆက်သည်။   ထို့နောက်   ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဦးဆောင်သော    ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည်  အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh နှင့်တွေ့ဆုံ၍ အိန္ဒိယ ရေတပ်၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊  နှစ်နိုင်ငံရေတပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေ အနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ယင်းနောက်   ကာကွယ်ရေး ဦးစီးချုပ်(ရေ)ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးလိုက်ပါပြီး   အိန္ဒိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Chief of Defence Staff  ဗိုလ်ချုပ်ကြီး Bipin Rawat နှင့် လည်းကောင်း၊  အိန္ဒိယနိုင်ငံခြား ရေးအတွင်းဝန် Foreign Secretary   Mr. Harsh Vardhan Shringla နှင့်  လည်းကောင်း၊   အိန္ဒိယ ကာကွယ်ရေးအတွင်းဝန် Defence Secretary Dr. Shri Ajay Kumar နှင့် လည်းကောင်း၊ အိန္ဒိယအမျိုး သား လုံခြုံရေးဆိုင်ရာအကြံပေး Deputy National Security Advisor Mr. Rajindra Khanna ၊ တပ်မတော် ဆိုင်ရာအကြံပေး Military Adviser  Lieutenant General (Retired) Mr. Chauhan  တို့နှင့်  လည်း ကောင်း  သီးခြားစီ  တွေ့ဆုံဆွေးနွေးခဲ့ကြသည်။   ထို့နောက် အိန္ဒိယနိုင်ငံ၏   National  Maritime Foundation သို့ ရောက်ရှိခဲ့ရာ  Vice   Admiral (Retired) Pradeep Chauhan က ကြိုဆိုခဲ့ပြီး National Maritime Foundation ၏ ရေကြောင်း ဆိုင်ရာ    သုတေသနပြုဆောင်ရွက်နေမှုများနှင့် Peaceful India Ocean ခေါင်းစဉ်နှင့်ပတ်သက်၍ အပြန်အလှန်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အိန္ဒိယရေတပ်ဦးစီးချုပ်က   တည်ခင်း ဧည့်ခံသော ညစာစားပွဲကို တက်ရောက်ခဲ့သည်။ 

 


ခရီးစဉ်အတွင်း    နှစ်နိုင်ငံရေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေး၊ လေ့ကျင့်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊     ရေတပ်ဆိုင်ရာ နည်းပညာများ ပူးပေါင်းဆောင်ရွက်ရေး၊ စစ်ရေယာဉ် များ  အပြန်အလှန်လည်ပတ်ရေးနှင့်     ရေကြောင်း လုံခြုံရေးအတွက် သတင်းအချက်အလက်မျှဝေရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်  ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်းစဉ်