
နေပြည်တော် မတ် ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချခြင်းဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်းနှင့် ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေး စီမံကိန်းများ၏ အတွေ့အကြုံ မျှဝေဖလှယ်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ MGALLERY Hotel ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး မှ ပထမအတွင်းဝန် မစ္စတာဝမ်ရှန်ကျုံး၊ ညွှန်ကြား ရေးမှူးချုပ်များ၊ မဲခေါင် - လန်ချန်းပူးပေါင်းဆောင် ရွက်မှုညှိနှိုင်းရေးအဖွဲ့ မြန်မာမှ ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်း များမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ စီမံကိန်းဝန်ထမ်းများနှင့် စီမံကိန်းကျေးရွာမှ ကျေးရွာ သူ/ကျေးရွာသားများ တက်ရောက်ကြသည်။
ကျေးလက်ဖွံ့ဖြိုးရေးဆောင်ရွက်
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူ များ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် စေရေး၊ မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှုကျဉ်းမြောင်း စေရေး၊ ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချစေရေးတို့အတွက် ရည်မှန်းပြီး ဦးတည်ချက်များ၊ မူဝါဒလုပ်ငန်းစဉ်များ ချမှတ်၍ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (SDGs) ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံချက် (MSDP)ပါ ချိတ်ဆက်ဆောင်ရွက်ရမည့် ရည်မှန်းချက်ပန်းတိုင် များ၊ အမျိုးသားဘက်စုံဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ များ (NCDP) ၏ ရည်မှန်းချက်များနှင့်အညီ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း ချိတ်ဆက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
ယခုကဲ့သို့ စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင် ရာ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ ရန်ပုံငွေများအပြင် နိုင်ငံတကာ အလှူရှင်များ၊ မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်း များ၏ အကူအညီ အထောက်အပံ့များဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် စီမံကိန်း လေးခု အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရရှိခဲ့ပြီး ယင်းစီမံကိန်းများအနက်မှ ပဲခူးတိုင်းဒေသ ကြီး ပဲခူးမြို့နယ် ရွာသစ်ကျေးရွာတွင် “မဲခေါင်- လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စံပြကျေးရွာ ထူထောင်ခြင်း စီမံကိန်း” နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ သုံးရွာတွင် “ပြည်သူအခြေပြု ရေသန့်စင် စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာ ရေရရှိရေးစီမံကိန်း” တို့ကို ၂၀၂၂ ခုနှစ် အောက်တို ဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခု ဆိုလျှင် စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီးစီးပြီဖြစ်၍ စီမံကိန်းနှစ်ခုမှ စုစုပေါင်း အိမ်ထောင်စု ၉၅၄ စု၊ လူဦးရေ ၄၂၇၀ ခန့်အနေဖြင့် စီမံကိန်း၏ အကျိုးကျေးဇူးများကို ရရှိခံစားနေရပြီ ဖြစ်ကြောင်း၊ စီမံကိန်း ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများအနေဖြင့် စီမံကိန်းမှ ဆောင်ရွက် ပေးသော လုပ်ငန်းများကို မိမိတို့ပိုင်ပစ္စည်းကဲ့သို့ Ownership Mindset မွေးမြူ ထိန်းသိမ်း စောင့် ရှောက်သွားကြရန် တိုက်တွန်းပါကြောင်း ပြော ကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ ပထမအတွင်းဝန် Mr. Wang Xianzhong (မစ္စတာဝမ်ရှန်ကျုံး) နှင့် မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းရေးအဖွဲ့ မြန်မာမှ ဒုတိယဥက္ကဋ္ဌတို့က အမှာစကားပြောကြား ကြပြီး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေ မှတ်တမ်းဗီဒီယိုကို ပြသသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ဓာတ်ပုံပြခန်းများ ကို လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက် ကျင်းပရာ စီမံကိန်းများအလိုက် စီမံကိန်းဒါရိုက်တာ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ရှင်းလင်း ဆွေးနွေးခြင်း၊ တက်ရောက်လာကြသော ဧည့်သည် တော်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း၊ စီမံကိန်းများနှင့် နှီးနွှယ်ဆက်စပ်သည့် ဌာနဆိုင်ရာ များနှင့် အဖွဲ့အစည်းများ၏ Speakers များက သက်ဆိုင်ရာကဏ္ဍများအလိုက် အကြံပြုဆွေးနွေး ခြင်းများ ဆောင်ရွက်ကြသည်။
မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ စီမံကိန်းများ ၏ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ချက်များကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ ဆောင်ရွက်ပြီး လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များအပေါ် အခြေခံပြီး ပိုမိုကောင်းမွန် သော အနာဂတ်စီမံကိန်းများကို ဖော်ဆောင်နိုင်ရေး နှင့် စီမံကိန်းများအလိုက် ရည်ရွယ်ချက်များအတိုင်း စနစ်တကျအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်