
နေပြည်တော် ဒီဇင်ဘာ ၃၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Rural Revitalization Administration (NRRA)အောက် ရှိ International Poverty Reduction Centre in China (IPRCC )တို့ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည့် “ China- aided Pilot Project of Poverty Reduction Coope-ration in Myanmar” ကျေးရွာ အဆင့်ဆင်းရဲမှု လျှော့ချရေး စံပြ စီမံကိန်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သံအမတ် ကြီး မစ္စတာချန်းဟိုင်က ယခု စီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပခဲ့သော အရှေ့အာရှ အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ဝန်ကြီးချုပ် Mr. Li Keqiang က ဆင်းရဲမှုလျှော့ချရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင် ရေး အဆိုပြုခဲ့သဖြင့် ကမ္ဘော ဒီးယား၊ လာအိုနှင့်မြန်မာနိုင်ငံတို့ တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း စံပြစီမံကိန်းအဖြစ် ကျေးရွာ နှစ် ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် သည့် ကာလအတွင်း ဖြစ်ပွားခဲ့ သော ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုများအရ စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် ရာတွင် များစွာအခက်အခဲရှိခဲ့ပါ ကြောင်း၊ ယခုကဲ့သို့ အခက်အခဲ များကြားမှ စီမံကိန်းအောင်မြင်စွာပြီးစီးရန် ကြိုးပမ်းဆောင်ရွက် ခဲ့ကြသော တရုတ်-မြန်မာနှစ် နိုင်ငံမှ ဝန်ထမ်းများကိုလည်း အသိအမှတ်ပြု ချီးကျူးလိုပါ ကြောင်း။
စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်ခဲ့ခြင်းဖြင့် စီမံကိန်း ကျေးရွာများအနေဖြင့် များစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး စံပြကျေးရွာများအဖြစ် တည်ရှိနေ မည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့်လည်း ဆင်းရဲမှုတိုက် ဖျက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကျေးရွာများဖွံ့ဖြိုးမှု ရှင်သန်စေ ရေးဆိုင်ရာ အတွေ့အကြုံကောင်း များ ဆက်လက်မျှဝေပေးသွား မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ၊ စိုက်ပျိုး ရေးထုတ်ကုန်များ အဆင့်မြှင့်တင် ခြင်းတွင် နည်းပညာပံ့ပိုးပေးခြင်း လုပ်ငန်းများနှင့် စိုက်ပျိုးရေး ထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေး လုပ်ငန်း များကို ဆက်လက်ပံ့ပိုးကူညီသွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးက ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့် တရုတ်နိုင်ငံအပြည်ပြည် ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးဗဟို ဌာနတို့ ပူးပေါင်း၍ ကျေးရွာ အဆင့် ဆင်းရဲမှုလျှော့ချရေးစံပြစီမံကိန်းကို ကျေးလက်လူမှုစီးပွား ဘဝမြှင့်တင်နိုင်ရေး၊ စွမ်းဆောင် ရည်မြင့်မားလာစေရေးနှင့် ဆင်းရဲ နွမ်းပါးမှု လျှော့ချရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကို မျှဝေနိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ပါကြောင်း၊၊
အဆိုပါ စီမံကိန်းအား ပြည်ထောင်စု နယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်မှ မင်းပြင်ကျေးရွာနှင့် တပ်ကုန်း မြို့နယ်မှ အေးချမ်းသာ(စံပြ)ကျေးရွာတို့တွင် တရုတ်နိုင်ငံ၏ ထောက်ပံ့ငွေဖြင့် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အထိ သုံးနှစ်တာ အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ကြောင်း၊၊
စီမံကိန်းမှ အခြေခံအဆောက် အအုံ တည်ဆောက်ခြင်း လုပ်ငန်း များ၊ ပြည်သူ့ဝန်ဆောင်မှု ဆိုင်ရာ လုပ်ငန်းများ၊ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများ၊ အဖွဲ့အစည်း ဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင် ခြင်းလုပ်ငန်းများ၊ စီမံကိန်း အတွေ့အကြုံများ မျှဝေဖလှယ် ခြင်းဆိုင်ရာ လုပ်ငန်းများ (ပြည်တွင်း/ ပြည်ပ လေ့လာရေး ခရီးစဉ်များ သွားရောက်ခြင်း)၊ နည်းပညာ ပံ့ပိုးကူညီမှုဆိုင်ရာ လုပ်ငန်းများ၊ စီမံကိန်း စီမံခန့်ခွဲမှု နှင့် စောင့်ကြည့် လေ့လာအကဲ ဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
စီမံကိန်း အကျိုးရလဒ်များ အနေဖြင့် လူမှုရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်မှုနှင့် စီမံကိန်းကျေးရွာ နှစ်ရွာရှိ ကျေးလက်နေ အိမ်ထောင်စု ၁၅၆၀ ခန့် စီမံကိန်းအသီးအပွင့်များ ခံစား ရရှိခဲ့ပါကြောင်း။
ယင်းစနစ်ကို မြန်မာနိုင်ငံ အတွင်းသာမက အာဆီယံဒေသ တွင်းရှိ အခြားသော ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စီမံကိန်းများ တွင်လည်း ထည့်သွင်းအသုံးပြု ဆောင်ရွက်သွားနိုင်မည့် အကျိုး ကျေးဇူးများ ရရှိခဲ့ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့က စီမံ ကိန်းဆိုင်ရာ အချက်အလက်များ အား အပြန်အလှန်လက်မှတ် ရေးထိုး၍ လွှဲပြောင်းလက်ခံ ခဲ့ကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဖွဲ့ကို ပြည်ထောင်စုဝန်ကြီးရုံး အစည်း အဝေးခန်းမတွင် သီးခြားလက်ခံ တွေ့ဆုံ၍ နှစ်နိုင်ငံ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက် နိုင်မည့် အစီအစဉ်များအား ဆွေးနွေး ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်