
နေပြည်တော် အောက်တိုဘာ ၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေ တိုးတက်စေရေး၊ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအောင်မြင်စေရေး အတွက် ဝန်ကြီးဌာနရှိ ဦးစီးဌာန များမှ ဝန်ထမ်းများနှင့် တွေ့ဆုံ သည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက် အခြေခံအဆောက် အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် သမဝါယမကဏ္ဍ မြှင့်တင်ရေး၊ အသေးစားအလတ်စား စက်မှု လက်မှုလုပ်ငန်းများနှင့် ချိတ်ဆက် ကာ ဘက်စုံကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကို အဓိကဦးစားပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေတိုးတက်ရေး ကို အလေးထားဆောင်ရွက်နေ ကြောင်း၊ မြန်မာနိုင်ငံလူဦးရေ စာရင်းအရ ကျေးလက်ဒေသတွင် နေထိုင်သူမှာ ပိုများကြောင်း၊ ဝင်ငွေတိုးတက်စေရေး ဆောင်ရွက် နိုင်ရန် ကျေးလက်နေပြည်သူများ ၏ ပညာအရည်အချင်းမြင့်မား ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရန် ဗဟိုသမဝါယမအသင်း၊ တိုင်းဒေသကြီး/ ပြည်နယ် သမ ဝါယမအသင်းစုချုပ်များ၊ မြို့နယ် သမဝါယမအသင်းစုများနှင့် သမ ဝါယမအသင်းများဟာ အမှန် တကယ် အလုပ်လုပ်ကြရန် လိုအပ် ကြောင်း၊ ပြည်သူများမှ အမှန် တကယ် လုပ်ငန်းဆောင်ရွက်လိုသူ များကို သမဝါယမအသင်းများ ဖွဲ့စည်းပေး၍ အရင်းအနှီးများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ပြည်သူများထံ သင်တန်းများ ပို့ချဆောင်ရွက်ပေး ပြီး သင်တန်းပြီးဆုံးသူများကို အရင်းအနှီးများ ထူထောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသရှိ သမဝါယမ အသင်းများကို လုပ်ငန်းသဘော တရားများ နားလည်သဘော ပေါက်စေရန် သမဝါယမဦးစီးဌာန ရှိ ဝန်ထမ်းများက ကူညီထောက်ပံ့ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်း အားလုံးကို စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲနေရန် လိုအပ် ကြောင်း၊ ဝန်ကြီးဌာနရှိ ဦးစီးဌာန သုံးခုလုံး ပေါင်းစပ်ညှိနှိုင်းမှု အားကောင်းစွာဖြင့် စေတနာထား ကာဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
သတင်းစဉ်