
၂၀၂၁ ခုနှစ် ဇွန်လ ၃ ရက် သို့မဟုတ် နွေနှောင်းကာလ မိုးဦးကာလ နေ့တစ်နေ့ .........။
ကရင်ပြည်နယ်ကို လက်ပြနှုတ်ဆက်၍ မွန်ပြည် နယ်သို့သွားရန် ကျွန်တော်ကားကို မြို့တော်ဘားအံ၏ သံလွင်မြစ် ကမ်းနားလမ်းအတိုင်း မြောက်မှ တောင်သို့ ဦးတည်မောင်းနှင်လာခဲ့သည်။ ဇွဲကပင်ဟိုတယ်အကျော် ဘားအံတံတား(သံလွင်)၏ ဘားအံဘက် ချဉ်းကပ်လမ်း ပေါ်အရောက်တွင် တံတားကို ကွေ့မတက်ဘဲ လမ်းဆုံ၌ တွေ့ရသည့် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ဆိုသည့် ဆိုင်းဘုတ်လမ်းညွှန်အတိုင်း မောင်းလာခဲ့သည်။
ဘားအံ - မော်လမြိုင်ကားလမ်းသည် ဖြောင့်တန်း လွန်းသော လမ်းဖြစ်ပြီး ဖောက်လုပ်ထားသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်သော်လည်း ထိန်းသိမ်း ပြုပြင်မှုကောင်းမွန်သည့်အတွက် ယနေ့တိုင် ကောင်းစွာ အသုံးပြုနေဆဲပင်ဖြစ်သည်။ အတ္ထရံတံတား အပါအဝင် ကြိုးတံတားနှစ်စင်းကို ဖြတ်ကျော်ပြီးသောအခါ မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်သို့ ကျွန်တော် ရောက်ရှိပါသည်။
မွန်ပြည်နယ်သည် ခရိုင်နှစ်ခု၊ မြို့နယ် ၁၀ မြို့နယ်၊ မြို့ ၁၇ မြို့၊ ရပ်ကွက် ၁၀၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၆၈ အုပ်စုနှင့် ကျေးရွာပေါင်း ၁၁၄၃ ရွာရှိပြီး လူဦးရေ မှာ ၂၂၃၅၁၆၂ (နှစ်ဆယ့်နှစ်သိန်းကျော်)ရှိ၍ မြို့နေ ပြည်သူ ၈၄၈၉၈၃ ဦး၊ ကျေးလက်နေလူဦးရေ ၁၅၄၁၄၆၅ ဦး ရှိသည်။
ထိုသို့ ပြည်နယ်အတွင်းရှိ လူဦးရေ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်သောကျေးရွာ ၇၃၃ ရွာမှ ကျေးလက် ပြည်သူတို့အတွက် မွန်ပြည်နယ်ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနသည် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်၌ ကျေးရွာ ပေါင်း ၅၃၈ ရွာကို ရာသီမရွေးသွားလာနိုင်သော ကတ္တရာ လမ်း/ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်ပေးခဲ့သည်။ ထို့ပြင် ခြောက်သွေ့ရာသီမှသာ သွားလာနိုင်သောလမ်း များရှိသည့် ကျေးရွာများကိုလည်း ရာသီမရွေး သွားလာ နိုင်သည့်
ကျေးလက်လမ်းများ ဖြစ်စေရန် ကြိုးပမ်းဖော်ဆောင်လျက်ရှိသည်။
အဆင့်မြှင့်တင်ဆောင်ရွက်
ပြည်နယ်တစ်ခုလုံး၌ ကျေးလက် လမ်းမိုင်စုစုပေါင်း ၉၆၀/၄ ဒသမ ၄ မိုင် ရှိသည့်အနက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ကုန်တွင် ကွန်ကရစ်လမ်း ၁၁၀/၀ မိုင်၊ ကတ္တရာလမ်း ၃၂၃/၀ မိုင်၊ ကျောက်ချော လမ်း ၄၀/၁ ဒသမ ၃ မိုင်၊ ဂဝံ/ဂျင်းလမ်း ၈၅/ ၃ ဒသမ ၁ မိုင်၊ မြေသားလမ်း ၄၀၂/၀ မိုင်ရှိ၍ မွန်ပြည်နယ်အတွင်း နေထိုင်ကြသော ကျေးလက်နေပြည်သူ ၁ ဒသမ ၅ သန်းကျော်အတွက် မြေသားလမ်းသာ ရှိသောအခြေအနေမှ ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာ လမ်း၊ ကွန်ကရစ်လမ်း၊ ကျောက်ချော လမ်း၊ ဂဝံအမာခံလမ်းများနှင့် ဒေသ ဆောက်ဝါးတံတား၊ သစ်သားတံတား များမှ သဘာဝဘေးဒဏ်ခံနိုင်သည့် သံကူကွန်ကရစ်တံတားများအဖြစ် ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေလျာထား၍ အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွား မည်ဟု သိရသည်။
ပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနသည် ဌာနစတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အထိ ကွန်ကရစ်လမ်း ၃၅/၆ ဒသမ ၁၁၉ မိုင်၊ ကတ္တရာလမ်း ၁၁၁/၀ ဒသမ ၆၄၈ မိုင်၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ၁၇/၆ ဒသမ ၄၆ မိုင်၊ ကျောက်ချောလမ်း ၁၄/၀ ဒသမ ၇၆ မိုင်၊ မြေသားလမ်း ၃၉/၂ ဒသမ ၆၁ မိုင် စုစုပေါင်းလမ်းမိုင် ၂၁၈/၀ ဒသမ ၅၉၇ မိုင်ကို ကျေးလက်နေပြည်သူများ အတွက် ကြိုးပမ်းဆောင်ရွက်ပေးနိုင်ခဲ့ ပြီး ကျေးလက်တံတားများ အနေဖြင့် ကွန်ကရစ်တံတား ၅၄ စင်း၊ Box Culvert ၆၈ စင်း၊ ဘေလီတံတားတစ်စင်း၊ အခြားတံတားလုပ်ငန်းရှစ်ခု စုစုပေါင်း တံတား ၁၂၃ စင်းအား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ခဲ့သည်ဟု သိရသည်။
ထို့ပြင် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စုရန်ပုံငွေကျပ် ၂၀၁၃ ဒသမ ၅၂၆ သန်းဖြင့် ကတ္တရာ လမ်း ၅/၆ ဒသမ ၇ မိုင်၊ ကတ္တရာထပ်ပိုး လွှာ ၁/၀ မိုင်၊ မြေသား/ မြေချဲ့ခြင်း ၅/၅ ဒသမ ၅ မိုင် စုစုပေါင်း ၁၂/၄ ဒသမ ၂ မိုင်နှင့် ကွန်ကရစ် တံတားတစ်စင်းအား ဆောင်ရွက်လျက် ရှိသကဲ့သို့ ပြည်နယ် ရန်ပုံငွေကျပ် ၁၆၆၈၃ ဒသမ ၂၃၄၁ သန်းဖြင့် ကွန်ကရစ်လမ်း ၉/၇ ဒသမ ၇ မိုင်၊ ကတ္တရာလမ်း ၄၆/၁ ဒသမ ၅ မိုင်၊ ကတ္တရာထပ်ပိုးလွှာ ၁၄/၀ ဒသမ ၃ မိုင်၊ ကျောက်လမ်း ၇/၄ မိုင်၊ ဂဝံ/ဂျင်းလမ်း ၁၀/၅ ဒသမ ၈ မိုင်၊ မြေသား လမ်း ၀/၇ ဒသမ ၂ မိုင်၊ မြေသားလမ်း ချဲ့ခြင်း ၆/၆ ဒသမ ၃ မိုင် စုစုပေါင်း ၉၆/၁ ဒသမ ၁၅ မိုင်နှင့် ကွန်ကရစ် တံတားအစင်း ၄၀၊ Box Culvert ၂၁စင်း စုစုပေါင်း ၆၁ စင်းကို ဆောင်ရွက်လျက်ရှိသည်။
Pilot Project လုပ်ငန်းအဖြစ် ဆောင်ရွက်
၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၂၇၃ ဒသမ ၇၁၈၅ သန်းဖြင့် ကွန်ကရစ် လမ်း ၀/၃ ဒသမ ၇ မိုင်၊ ကတ္တရာလမ်း ၁/၄ ဒသမ ၆ မိုင် စုစုပေါင်း ၂/၀ ဒသမ၄ မိုင်နှင့် Box Culvert တစ်စင်းနှင့် အခြား လုပ်ငန်းတစ်ခုတို့အား ဆောင်ရွက်လျက် ရှိသည့်အပြင် မွန်ပြည်နယ်ရှိ ကျေးလက် နေ ပြည်သူလူထုအကျိုးအတွက် အဓိက လမ်းမကြီးများ၊ မြို့များသို့ ဆက်သွယ် သွားလာနိုင်သည့် ကျေးလက်လမ်းများ အား Pilot Project လုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိသည်။
ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ Pilot Project လုပ်ငန်း အဖြစ် မော်လမြိုင်ခရိုင် သံဖြူဇရပ် မြို့နယ် သံဖြူဇရပ် - ပင - ကရုပ္ပိ- ဝဲ ကလောင် - အံခဲ - ကော့လေး -ထင်းရှူး - ကျောင်းရွာ - အနင်းကျေးရွာချင်းဆက် လမ်း ၂၆/၅ မိုင်ကို ကတ္တရာလမ်း၊ ကတ္တရာထပ်ပိုးလွှာ၊ မြေသားတာပေါင် ချဲ့ခြင်းလုပ်ငန်းများကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် အထိ ခွင့်ပြုရန်ပုံငွေစုစုပေါင်းမှာ ၄၄၀၃ ဒသမ ၂၉၆ သန်း သုံးစွဲခဲ့ပြီးဖြစ် သည်။
၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်း ၃/၄ မိုင်၊ မြေသား တာပေါင်ချဲ့ခြင်း ၃/၀ မိုင်နှင့် လမ်းပေါ် ရှိ သပြေချောင်းအားဖြတ်ကူးမည့် အရှည်ပေ ၁၃၀ ရှိ ကွန်ကရစ်တံတား တစ်စင်းကို ဆောင်ရွက်လျက်ရှိရာ စီမံ ကိန်းတစ်ခုလုံး၏ပြီးစီးမှုမှာ ၉၅ ရာခိုင် နှုန်း ပြီးစီးမည်ဖြစ်သည်။
အဆိုပါ လမ်းပေါ်ရှိ ပေ ၁၀၀ ကျော် တံတားနှစ်စင်းအပါအဝင် စုစုပေါင်း တံတားခြောက်စင်း ဆောင်ရွက်ရန် ကျန်ရှိသေးမည်ဖြစ်ပြီး လာမည့် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်တွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်သည်။
အဆိုပါ သံဖြူဇရပ် - ပင - ကရုပ္ပိ- ဝဲကလောင် - အံခဲ - ကော့လေး - ထင်းရှူး - ကျောင်းရွာ - အနင်း ကျေးရွာချင်းဆက်လမ်းသည် သံဖြူ ဇရပ်နှင့် ရေးမြို့နယ်ရှိ ရေနက်ဆိပ်ကမ်း သို့သွားရာ နှစ်ကရင်လမ်းဆုံကို ချိတ်ဆက်ထားသော လမ်းဖြစ်ပြီး ယခင်က မြေသားတာပေါင်ချဲ့ရန်နှင့် အသစ်ထပ်ပိုးတည်ဆောက်ရန် လိုအပ် သော ကတ္တရာခင်းနှင့် လမ်းသစ် တည်ဆောက်ရန် လိုအပ်သော မြေသား လမ်းဖြစ်သည့်အတွက် သွားလာ ရန် ခက်ခဲကြမ်းတမ်းသောလမ်းဖြစ် သည်။
ကတ္တရာလမ်းအဖြစ် အကောင်အထည်ဖော်
ထို့ကြောင့် လမ်းအား ဒေသခံပြည်သူ များ သွားလာရေး လွယ်ကူအဆင်ပြေစေ ရန်အတွက် ရာသီမရွေး သွားလာနိုင် သော ကတ္တရာလမ်းအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ရရှိသည့် အကျိုးရလဒ်များမှာ ဒေသခံ ပြည်သူများနှင့် ဥယျာဉ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတို့အတွက် ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စ များတွင် လွယ်ကူလျင်မြန်စွာ ဖြတ်သန်းသွားလာနိုင်သည်။ သံဖြူဇရပ် မြို့နယ်သာမက ရေးမြို့နယ်အတွက် အသုံးဝင်သော လမ်းတစ်လမ်းဖြစ် သည်။
ပငဆားကွင်း၏ အဓိကအားထားအသုံး ပြုသည့် လမ်းမကြီးဖြစ်ပြီး ယင်းလမ်းပေါ် ရှိ ကျေးရွာ ၂၈ ရွာ၊ အိမ်ခြေ ၁၈၃၈၁ အိမ် နှင့် လူဦးရေ ၁၀၉၄၄၇ ဦး၏ ကုန်စည် စီးဆင်းမှုအတွက် များစွာအထောက်အကူ ပြုသောလမ်းဖြစ်သည်။ ၎င်းလမ်းသည် မြိတ်လမ်းမကြီးနှင့် ချိတ်ဆက်ထားသည့် လမ်းတစ်လမ်းလည်းဖြစ်သည်။
မွန်ပြည်နယ် သထုံခရိုင် ပေါင်မြို့နယ်ရှိ ကျုံဟော် - ရာမဆိပ်တံတားသည် Class (A) လမ်းအမျိုးအစားဖြစ်သော ဖြူဘ - သဲကုန်း - ညောင်ကုန်းကြီး - မြလေး ချောင် - ရင်းငြိမ် (မြောက်) လမ်း မိုင်တိုင် ၄/၆ မိုင်နှင့် ၄/၇ မိုင်ကြားတွင် တည်ရှိ သောတံတားဖြစ်ပြီး ရာမဆိပ်တံတား နေရာသည် ရှေးယခင်က ကူးတို့ဆိပ် ဖြစ်သည်။
ကျုံဟော် - ရာမဆိပ် သံကူကွန်ကရစ် တံတားသည် ဖြူဘ - သဲကုန်း - ညောင်ကုန်းကြီး - မြလေးချောင်-ရင်းငြိမ် (မြောက်) လမ်းစုစုပေါင်း ၁၈/၄ မိုင်ပေါ် ရှိပြီး ရန်ကုန် - မော်လမြိုင်လမ်းမကြီး၏ မိုင်တိုင် ၁၆၃/၄ - ၁၆၃/၅ နှင့် ဆက်သွယ် ထားသည့် အရေးပါသော တံတား တစ်စင်းဖြစ်သည့်အတွက် ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တို့တွင် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေကျပ် စုစုပေါင်း ၁၄၂၂ ဒသမ ၀၀၀ သန်းဖြင့် အသစ်ပြန်လည် တည်ဆောက်ပေးခဲ့သည်။
အဆိုပါတံတားသည် ဒေသခံပြည်သူ များ၏ လယ်ယာထွက်ကုန်များ ရောင်းဝယ် ဖောက်ကားရန်အတွက် ရာသီမရွေး လွယ်ကူလျင်မြန်စွာ ဖြတ်သန်း သွားလာနိုင်မည်ဖြစ်ပြီး ကျေးရွာ ၁၅ ရွာ၊ အိမ်ခြေ ၂၄၉၆ အိမ်၊ လူဦးရေ ၁၆၁၄၄ ဦးအား အကျိုးပြုသော တံတားတစ်စင်းဖြစ်သည်။
မွန်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်ပြည်သူတို့ အတွက် ဘဏ္ဍာငွေသုံးစွဲမှုမှာ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေမှ ငွေကျပ် ၃၃၉၅ ဒသမ ၅၅၃ သန်း၊ ၂၀၁၈ - ၂၀၁၉ (၆-လ) ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု နှင့် ပြည်နယ်ရန်ပုံငွေမှ ငွေကျပ် ၂၂၅၀ ဒသမ ၀၅၅ သန်း၊ ၂၀၁၈ - ၂၀၁၉ (၁၂-လ) ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု နှင့် ပြည်နယ်ရန်ပုံငွေမှ ငွေကျပ် ၁၃၈၅၂ ဒသမ ၈၃၆ သန်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု လမ်းရန် ပုံငွေမှ ငွေကျပ် ၁၅၆၅ ဒသမ ၆၂၉ သန်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် တံတား ရန်ပုံငွေ (ပြည်ထောင်စု) မှ ငွေကျပ် ၁၁၁၈ ဒသမ ၂၀၀ သန်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် လမ်းရန်ပုံငွေ (ပြည်နယ်) မှ ငွေကျပ် (၁၃၅၆၄ ဒသမ ၁၂၅၅) သန်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တံတားရန်ပုံငွေ (ပြည်နယ်)မှ ငွေကျပ် ၂၇၁၇ ဒသမ ၁၇၀ သန်း၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် လမ်းရန်ပုံငွေ
လမ်းရန်ပုံငွေ(ပြည်ထောင်စု) မှ ငွေ ကျပ် ၁၅၉၃ ဒသမ ၅၂၆ သန်း၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် တံတားရန်ပုံငွေ (ပြည်ထောင်စု)မှ ငွေကျပ် ၄၂၀ ဒသမ ၀၀၀ သန်း၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် တွင် လမ်းရန်ပုံငွေ (ပြည်နယ်) မှ ငွေကျပ် ၁၃၇၁၀ ဒသမ ၄၇၂၁ သန်း၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် တံတားရန်ပုံ ငွေ (ပြည်နယ်) မှ ငွေကျပ်၂၉၇၂ ဒသမ ၇၆၂ သန်းတို့ကို အသီးသီးသုံးစွဲခဲ့သည်။
မဟာဗျူဟာရည်မှန်းချက်
အချုပ်အားဖြင့် မွန်ပြည်နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန သည် မိမိတို့ဦးစီးဌာန၏ မဟာဗျူဟာ ရည်မှန်းချက်ဖြစ်သော ၂၀၃၀ ပြည့်နှစ်၌ မြန်မာတစ်ပြည်လုံးရှိ ကျေးရွာများ၏ ၈၀ ရာခိုင်နှုန်းနှင့် ကျေးလက်လူဦးရေ ၉၀ ရာခိုင်နှုန်းကို ရာသီမရွေးသွားလာ နိုင်သော ကျေးလက်လမ်းများ အသုံး ပြုနိုင်ရန်နှင့် မြန်မာနိုင်ငံရှိ ကျေးရွာများ ၌ လူဦးရေ ၁၀၀၀ နှင့်အထက်ရှိ ကျေးရွာများကို ၂၀၂၀ ပြည့်နှစ်တွင် လည်းကောင်း၊ လူဦးရေ ၅၀၀ နှင့် အထက်ရှိ ကျေးရွာအားလုံး၏ ၉၅ ရာခိုင်နှုန်းနှင့် လူဦးရေ ၂၅၀ အောက်ရှိ ကျေးရွာအားလုံး၏ ၅၀ ရာခိုင်နှုန်းတို့ အား ၂၀၂၅ ခုနှစ်တွင် ရာသီမရွေး သွား လာနိုင်သောလမ်းများ ဆောင်ရွက်ပေး ရန်စီစဉ်ထားကြောင်း သတင်းကောင်း ပါး တင်ပြလိုက်ရပါသည်။
ချမ်းမြေ့မောင်