ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးမွေးမြူရေး၊ သမဝါယမလုပ်ငန်းများနှင့် မြစိမ်းရောင်စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် Multivitamin (EV,Solar Power Energy )

Type
1

 

စက်မှုစီးပွားထူးချွန်ဆုရ အင်ဂျင်နီယာ (ထွန်း)

 

 နိုင်ငံအား  အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်က   အရင်းမပျောက် မတည် ငွေများကို ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများနှင့်    “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရှိ  လယ်ယာစိုက်ပျိုးမွေးမြူရေး၊  အငယ်စား ဆည်မြောင်းလုပ်ငန်း၊   သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေး၊ မြစိမ်းရောင်စီမံကိန်းတို့အတွက် အမြော် အမြင်ကြီးစွာ ထုတ်ချေးပေးလိုက်သည်။ 

 


ယင်းမှာ    သက်ဆိုင်ရာအရပ်ဒေသအလိုက် အုပ်ချုပ်နေကြသူများအား လွတ်လပ်စွာ ဦးဆောင် စေခြင်း ဖြစ်သကဲ့သို့ ပါဝင်အကောင်အထည်ဖော် ပေးကြမည့်   ပြည်သူများအားလည်း   စည်းလုံး ညီညွတ်စွာပူးပေါင်း၍ အောင်မြင်အောင် အကောင် ထည်ဖော်နိုင်ခွင့်ကို ပေးလိုက်ခြင်းသည် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်အခြေခံသည့်   ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အောင်မြင်စွာတည်ဆောက် နိုင်ရေးအတွက် ပြည်သူလူထုကို မြေစမ်းခရမ်းပျိုး လေ့ကျင့်မှုပြုပေးလိုက်ခြင်းဟု ထင်မှတ်မိပါသည်။ 

 


ထိုသို့ဖော်ဆောင်ပေးလိုက်ခြင်းသည်    နိုင်ငံ အတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး မိမိတို့ သက်ဆိုင်ရာ နေရာ၊ ဒေသအသီးသီးရှိ စီမံကွပ်ကဲ ဦးဆောင်သူများနှင့် လက်တွေ့ပါဝင် အကောင်ထည် ဖော်ပေးကြမည့်   ပြည်သူများ၏    မိမိတိုင်းပြည် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ အလိုက် စည်းလုံးညီညွတ်တက်ကြွစွာ   ကြိုးပမ်း စွမ်းဆောင်အကောင်အထည်ဖော်နိုင်မှုကို ယှဉ်ပြိုင် စေခြင်းဖြစ်လိမ့်မည်ဟုလည်း သုံးသပ်မိပါသည်။

 


အရင်းမပျောက်မတည်ငွေများ ထုတ်ဝေပေး ခြင်းသည် သက်ဆိုင်ရာဒေသအလိုက်   အကောင် အထည်ဖော်ကြရမည့်ပုဂ္ဂိုလ်များ၏    စွမ်းရည် စွမ်းပကားများ မြင့်တက်စေရန် Booster ထိုးပေး လိုက်ခြင်းဖြစ်သည်ဟုလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသွားခဲ့သည်ကို အလေးထားပြီး မိမိလေ့လာ သိရှိနားလည်ထားသည့် EV, Solar EV ယာဉ်များနှင့် Fully Solar EV ယာဉ်များ၏ အခန်းကဏ္ဍအကျဉ်းကို Multivitamin အားဆေးအဖြစ်  ရည်မှန်းဖြည့်စွက် အကြံပြုတင်ပြပေးလိုက်ရပါသည်။ 

 


ဦးစွာပထမ မြန်မာနိုင်ငံသားအများစု   ၇၀ ရာခိုင်နှုန်း  နေထိုင်ကြပြီး       ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေသည့် ကျေးလက်ဒေသများ   အလျင် အမြန် ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အထောက် အကူပြုပေးနိုင်ရန်    လယ်ယာထွန်ယက်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ လုပ်နေကြသည့် တောင်သူ လယ်သမားများ   လုပ်ငန်းအသီးသီးကို အကောင် အထည်ဖော်ရာတွင် ပိုမိုလျင်မြန်ထိရောက် အစွမ်း ထက်ပြီး  အင်အားဖြစ်စေရန်၊ လိုအပ်သော ကုန်ကြမ်း များနှင့် ကုန်ချောများ သယ်ယူပို့ဆောင်ရေး၊ ဝန်ထမ်း များသယ်ယူပို့ဆောင်ရေး၊ နယ်မြေအတွင်းရှိ ပြည်သူ အများ သွားလာလှုပ်ရှားရေးစသည့် လုပ်ငန်းများ၊ ကျေးလက်ကုန်စည်များ     သယ်ယူပို့ဆောင်ရေး၊ ကျေးလက်ဆက်သွယ်ရေးလမ်းများ ဖောက်လုပ်ရေး၊ ဆည်မြောင်းငယ်များ တည်ဆောက်ရေးတို့အတွက် အသုံးပြုနိုင်ရန်၊      ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (နေရောင်ခြည်စွမ်းအင်) တိုက်ရိုက်ရယူ အသုံးပြု နိုင်သည့် ရေစုပ်စက်များ၊ အခြားစက်ပစ္စည်းကိရိယာ များ၊ စျေးနှုန်းချိုသာသည့်  Solar Energy အခြေပြု EV ယာဉ်အသေး၊    အလတ်နမူနာများနှင့် လယ်ယာ စိုက်ပျိုးမွေးမြူရေးနှင့်  အထွေထွေသုံး EV ယာဉ်များ၊ လှုပ်ရှားအသုံးပြုလိုက်၍   လျော့နည်းသွားသော Batteries များကို စွမ်းအားများ ပြန်လည်ဖြည့်တင်း ပေးနိုင်မည့် Solar Energy Recharging Station များ၏  နမူနာကို အကြံပြုတင်ပြသွားပါမည်။ 

 


     ထိုမှ အဆင့်ဆင့်တက်ပြီး မြို့နယ်၊ မြို့ကြီးများ တွင်   အများပြည်သူသယ်ယူပို့ဆောင်ရေးသုံးရန် အတွက် အသုံးပြုနိုင်ကြမည့် အသေးစား၊  အလတ်စား၊  အကြီးစား၊ EV ယာဉ်များ၊ EV Bus များ၊  Solar EV Bus များ၊ Solar EV Ferry Boat များ၊  Fully Solar EV ယာဉ်များကိုလည်း တင်ပြသွားပါမည်။

 


ကျေးလက်ဒေသသုံး EV ယာဉ်များကို သုံးစွဲသူများ စရိတ်သက်သာစွာ ဝယ်ယူ သုံးစွဲနိုင်စေရန် တန်ဖိုးနည်း Lead Acid Batteries လိုအပ်သည့် အရေအတွက် များကို စွမ်းအားလိုအပ်ချက်၊ လုပ်ငန်းများ လိုအပ် ချက်အလိုက် သင့်တော်သလို ဖြည့်ဆည်းပြီး မိမိ အသုံးပြုမည့် EV ယာဉ်နှင့် Solar သုံး စက်ပစ္စည်း ကိရိယာများအလိုက် စက်များ၏   လည်ပတ်ရန် လိုအပ်သောစွမ်းအားပမာဏကို တွက်ချက်တပ်ဆင် ဖြည့်ဆည်းပေးရပါမည်။ ငွေပေးချေရာတွင်လည်း   အရစ်ကျ(Installment) စနစ်ဖြင့်  ပေးချေခွင့်ရစေခြင်း ဖြင့် တောင်သူလယ်သမားများ      တွင်ကျယ်စွာဝယ်ယူ သုံးနိုင်ကြစေရန် စီမံပေးသင့်ပါသည်။

 


စွမ်းအားကောင်းပြီး     တန်ဖိုးကြီးမြင့်သော အပူဒဏ်လွန်ကဲသည့်အခါ မီးလောင်ကျွမ်းမှု ဖြစ်စေ တတ်သည့် Li-ion Batteries များအစား နောက်ထပ် ဆန်းသစ်တီထွင်အောင်မြင်လာသော   LiFePO4 Batteries များကိုလည်း လိုအပ်လျှင် Lead Acid Battery များနှင့် ပေါင်းစပ်သုံးသင့်ပါသည်။

 


EV and EV  Solar Hybrid, Fully Solar EV များကို မြန်မာပြည်သူများ အသုံးပြုခွင့်ပေးကာ   လက်ရှိ ICE ယာဉ်များနေရာတွင် အစားထိုးသုံးနိုင်စေခြင်းဖြင့် နိုင်ငံတော်၏ FE သုံးစွဲရမှုလျှော့ချနိုင်ရေး


မော်တော်ယာဉ်များနှင့်    Spare Parts များ တင်သွင်းခွင့်အတွက် ခွင့်ပြုထားချက်ကို ပြင်ဆင်၍ EV and EV Spare parts များကိုသာ ခွင့်ပြုစေခြင်း ဖြင့် ပြည်တွင်း ICE ယာဉ်များအတွက် နိုင်ငံ FE ဖြင့် လောင်စာဆီများ ဝယ်ယူတင်သွင်းဖြည့်တင်းပေးနေ ရမှု ကင်းလွတ်စေကာ လူနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ကာကွယ်ထိန်းသိမ်းပေးနိုင် မည်ဖြစ်ပါသည်။
မိမိတို့တိုင်းပြည်တွင်  ယခုမှအစပြုပြီး    EV ယာဉ်များအသုံးပြု၍ လျော့နည်းသွားသည့် စွမ်းအင် များ ပြန်လည်ဖြည့်တင်းပေးနိုင်ရေးအတွက် စွမ်းအင် ပြန်လည်ဖြည့်သွင်းပေးရန် လိုအပ်မည့်   Power Refilling Staions များကို    EV ယာဉ်အမြောက် အမြားသုံးစွဲနေကြသည့် တိုင်းပြည်ကြီးများကဲ့သို့   နေရာအနှံ့ပြားတွင် များစွာတည်ထားရန် မလိုသေး သည့်အလျောက် ရန်ကုန်၊ မန္တလေးကဲ့သို့  ခရီးရှည် လမ်းများတွင် Interval Poistions များ ရွေးချယ် သတ်မှတ်ပေးပြီး   လိုအပ်မည့်နေရာများတွင်သာ သတ်မှတ်တည်ထားပေးရန်နှင့် သွားလာလှုပ်ရှား သော EV ယာဉ်အများစု ရပ်နားနေရာများဖြစ်သည့် စားသောက်ဆိုင် ၊ ကော်ဖီဆိုင်၊  မိုတယ်များ၊ ဟိုတယ်   များတွင် လည်းကောင်း၊ EV ယာဉ်များ သုံးစွဲမှုများလာ မည့် မြို့ကြီးများတွင်လည်း    စတိုးဆိုင်ကြီးများ၊ စူပါမားကတ်များ၊ ရုံး၊ ကျောင်း၊  ဆေးရုံ၊  ဘဏ်   စသည့်   ယာဉ်ရပ်နားမှုများသည့်နေရာများတွင်  လည်းကောင်း  လိုအပ်ချက်အရ    သင့်တော်သလို ထပ်တိုးဖြည့်စွက်ပေးရန် လိုအပ်ပါမည်။ Power Refilling Stations များကို  EV ကားများ သုံးစွဲလာ နိုင်မှုပမာဏအပေါ်မူတည်ပြီး စဉ်းစားပေးရန် အဓိက ကျပါမည်။                

(ဆက်လက်ဖော်ပြပါမည်)