ကြေကွဲဖွယ်ဖြစ်သော ကောက်ကျစ်ရက်စက်မှု

Type

လမာဂမ်

=====

 

“အကယ်၍ သင်ဟာ တစ်စုံတစ်ဦးရဲ့ ပျော်ရွှင်မှုအတွက် ရေးပေးနိုင် တဲ့ ခဲတံတစ်ချောင်း မဖြစ်ခဲ့ရင်တောင်မှ သူတို့ရဲ့ရင်ထဲက ကြေကွဲ ပူဆွေးဝမ်းနည်းမှုတွေကို ဖြေဖျက်ပေးနိုင်တဲ့ ခဲဖျက်ကောင်းလေး တစ်ခုဖြစ်အောင်တော့ ကြိုးစားလိုက်ပါလား။”
အဗ္ဗဒူလ်ကာလမ်
အိန္ဒိယနိုင်ငံသမ္မတ (အငြိမ်းစား)
(၁)
ကျွန်တော် ဒီစာကို ရေးနေတဲ့အချိန်မှာ စာလုံးတွေဟာ ဝေဝါးနေ ပါတယ်။ မျက်ရည်မကျအောင် ကျွန်တော် အကြိမ်ကြိမ်ကြိုးစားပေ မယ့် မျက်ရည်ဝိုင်းနေတာကိုတော့ ဘယ်လိုမှ တားဆီးလို့မရနိုင်ခဲ့ပါ။ ရင်ထဲမှာလည်း ဆို့နင့်ကြေကွဲနေမိတာ အမှန်ပဲ။
ကမ္ဘာနဲ့ချီပြီးဖြစ်ခဲ့ကြတဲ့  စစ်မြေပြင်တွေကို  ကျွန်တော်တို့ မမီလိုက်ပါ။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေမှာ စစ်သားတွေ ကော အရပ်သားတွေကော သေကျေပျောက်ဆုံး၊ ဒဏ်ရာအနာတရ ဖြစ်ခဲ့ကြတာ သန်းနဲ့ချီပြီး လူတွေဒုက္ခရောက်ခဲ့ကြပါတယ်။ စာအုပ် စာစောင် သမိုင်းမှတ်တမ်းတွေအရ ဓာတ်ပုံတွေလည်း မြင်ရတယ်။ မှတ်တမ်းတင်စစ်မှတ်တမ်းရုပ်ရှင်များ၊ စစ်ပွဲတွေအကြောင်း ရုပ်ရှင် ဇာတ်ကားများမှာလည်း  ကြည့်ဖူးကြပါတယ်။  သေတာကျေတာ ကြမ်းတမ်းတာတွေ မြင်ရပါရဲ့။ စစ်ဆိုတာကတော့ လူသားလောကမှာ ကမ်းကုန်အောင် ရက်စက်ကြစမြဲပါပဲ။ ဒါက မဟာမိတ်တိုင်းပြည် များ  တစ်ဖက်နဲ့တစ်ဖက်၊  နိုင်ငံအချင်းချင်း  တစ်ပြည်နဲ့တစ်ပြည် စစ်ခင်းတာတွေနော်။
လူသားပီသမှု
ဒီလိုကြမ်းတမ်းခက်ထန်ရက်စက်တဲ့စစ်ပွဲတွေ စစ်မြေပြင်တွေ မှာတောင်မှ ဂျီနီဗာ သဘောတူညီချက် ကွန်ဗင်းရှင်းတွေဘာတွေ  မပေါ်ခင်ကကော ပေါ်ပြီးမှကော မဟာမိတ်တပ်တွေ၊ ဝင်ရိုးတန်းနိုင်ငံ တွေ ကျင့်သုံးခဲ့ကြတဲ့ လူ့ကျင့်ဝတ်ယဉ်ကျေးမှုတစ်ခုတော့ ရှိခဲ့သေး တယ်။ ကျန်းမာရေးနဲ့ဆိုင်တဲ့ ဆေးရုံ၊ ကြက်ခြေနီစခန်း၊ လူနာများ စုဝေးရာကို   မတိုက်ခိုက်ရ၊  ဗုံးမကြဲရ။  ဆရာဝန်၊  သူနာပြု၊ ဆေးဝန်ထမ်းများနဲ့  အရပ်သား၊ ကျောင်းသူကျောင်းသားများကို ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရ။ ဖမ်းဆီးသတ်ဖြတ်ခြင်း လုံးဝမပြုရ။ ရန်သူ့ဘက်က လူမျိုး၊ ဘာသာ၊ အရပ်သားပင်ဖြစ်ပါစေ ဘေးကင်း လုံခြုံအောင်‌ စောင့်ရှောက်ပေးရမယ်။ ဒါက လူသားပီသမှု အဓိက လက္ခဏာခင်ဗျ။
လက်နက်ကိုင်တိုက်ခိုက်နေခဲ့ကြတဲ့ နိုင်ငံတကာစစ်မြေပြင်မှာ ကျင့်သုံးနေကြတဲ့ လူသားကျင့်ဝတ် လူသားအချင်းချင်း (စစ်အတွင်း မှာတောင်) ထားရှိရတဲ့ ဆင်ခြင်တုံတရားနဲ့ အသိဉာဏ်စာနာမှု သဘောတရားပါဗျာ။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေမှာ ဖြစ်ပျက်ခဲ့ရတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)   ကွတ်ခိုင်မြို့နယ်က   အကြမ်းဖက် သတ်ဖြတ်မှုကတော့ မြန်မာပြည်မှာသာမက ကြားသိကြရမယ့် ကမ္ဘာသူ ကမ္ဘာသား လူသားတွေမှန်သမျှကို အံ့ဩတုန်လှုပ်ချောက်ချားစေမယ့် အမှုပါ။ ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ တိရစ္ဆာန်အပြုအမူ။
(၂)
ရှမ်းပြည်နယ်   ကွတ်ခိုင်မြို့   ပြည်သူ့ဆေးရုံမှာ   ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင် တာဝန်ထမ်းဆောင်လာခဲ့တာဟာ ဆယ်စုနှစ်တစ်ခု ရှိပါပြီ။ ၂၀၁၂ ခုနှစ်မှာ ကွတ်ခိုင်ပြည်သူ့ဆေးရုံမှာ တာဝန်ကျခဲ့တဲ့ အခါ လားရှိုးမှာနေထိုင်သူမို့ မိုင် ၅၀ အကွာအဝေးမှာရှိတဲ့  ကွတ်ခိုင် မြို့ဟာ လာချင်သူအတွက်တော့ အနီးကလေးပေါ့။ လုပ်သက်ကိုးနှစ်၊ ဆယ်နှစ်အတွင်းမှာ ကွတ်ခိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ဦးစီးဌာနမှူးအနေနဲ့ မြို့ပေါ်သာမက ကချင်ရွာ၊ ပလောင်ရွာ၊ ရှမ်းရွာ၊ လီရှောရွာ၊  မုံးဝန်းရွာ၊ တောင်ပေါ်မြေပြန့်အနှံ့ ကျေးရွာတွေအထိ မရောက်ဖူးတဲ့ကျေးရွာမရှိ။   ဒူဝါ၊  ပူမိန်း၊  သူကြီး၊  ရွာခေါင်းတွေ သာမက    တိုင်းရင်းသားကလေးငယ်များပါမကျန်    ဆရာဝန်ကြီး  ဒေါက်တာဝင့်ဝင့်မြိုင်ကို အများကသိကြပါတယ်။ ချစ်ခင်လေးစား ကြတယ်။
ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးတာဝန်ကို ဒေါက်တာဝင့်ဝင့်မြိုင် က ဝတ်ကျေတန်းကျေမျှသာ လုပ်ဆောင်တတ်သူမဟုတ်။ စေတနာ ထက်သန်လှိုက်လှဲစွာ မြစ်ကူးချောင်းကူးကျေးရွာတွေလည်း ခြေကျင် တစ်မျိုး၊ ဆိုင်ကယ်နဲ့တစ်တန် သွားတာပဲ။ တောင်ကြောတောင်ထိပ် (လက်ဖက်ခင်းတွေ၊ ကုန်းမြင့်သစ်တောဝါးတောတွေနဲ့) တောင်ပေါ် ရွာတွေဆို ခြေကျင်သွားမှသာ လမ်းပေါက်တာပေမယ့် ရောက်အောင် သွားတယ်။ မိုးရွာလည်းသွားတာပဲ။ နှင်းကျလည်း ရောက်အောင် သွားတယ်။
မြို့ပေါ်က   လူတွေသာမက   တောင်ပေါ်ဒေသ   ကျေးလက် တောရွာ အခေါင်အဖျားအထိ ရောင်အောင်သွားပြီး ဆေးဝါးကုသရေး ကို စိတ်အားထက်သန်အပင်ပန်းခံ ထမ်းဆောင်ခဲ့သူ ဆရာမကြီးပါ။ ဆရာမကြီးဆိုသော်လည်း ကွတ်ခိုင်ရောက်စ အသက် ၄၀၊ ခုဆို အသက် ၅၀ ဝန်းကျင် အရွယ်ကောင်း ကျန်းမာကြံ့ခိုင်တဲ့ တကယ့်ကျေးလက် ဆရာဝန်ကောင်းတစ်ဦးပေါ့။ တောရောမြို့မှာပါ ဒေါက်တာကို သိနေ ကြတာပဲ။
ကျေးလက်ဒေသက လူကြီးလူငယ်တွေကပါ သူ့ကိုချစ်ခင်ကြတယ်။ လေးစားကြတယ်။ စေတနာကောင်းတာ၊ စာနာကြင်နာ ဂရုစိုက်ခံရ တာကြောင့် ကျေးဇူးတင်ကြတယ်။ စေတနာပါလို့ ဆေးလိုက်တယ်တဲ့။ သူကုရင် သေချာပေါက်ပျောက်မယ်ထင်ကြတယ်။ ရောဂါအမျိုးမျိုး အဖုံဖုံက ကုသရုံနဲ့ မပြီးဘူး။ လေလုံ၊ အလင်းရောင်မရှိ၊ မီးခိုးမွှန်တဲ့ ဒေသခံရိုးရာအိမ်ရဲ့ဖွဲ့စည်းပုံကြောင့်   အဆုတ်ရောဂါဖြစ်ကြတာမျိုး။ အာဟာရမလုံလောက်လို့  ဖြစ်ရတဲ့ရောဂါမျိုး။  အနေအထိုင်  အစား အသောက် အမူအကျင့်၊ အလေ့အထတွေပါ နားဝင်အောင် ပြောရတာ အာပေါက်ရလောက်ပါတယ်။ တော်သေးတာက တိုင်းရင်းသားဘာသာ စကားတွေကို လေး၊ ငါးနှစ်အတွင်း လူနာနဲ့ပြောဆိုတတ်၊ မေးနိုင်ဖြေနိုင် ဆက်သွယ်တတ်အောင် သင်ယူမှတ်သားထားခဲ့လို့။ မြို့ရောတောပါ နေ့နေ့ညည   လှုပ်ရှားလုပ်ဆောင်လာခဲ့တာ  တောအနှံ့တောင်အနှံ့ ဘာရန်သူမှမရှိခဲ့ပါ။ ရင်ဆိုင်တွေ့တောင် ကွေ့ရှောင်သွားကြတာပဲ။
တိုင်းရင်းသားအများစုက ရိုးသားကြ
ဒေသခံတွေထဲကပဲ အချို့လက်နက်ကိုင်တွေဟာ သူပုန်ထတယ် အကြောင်းပြပြီး  ဆက်ကြေးကောက်၊  ခြိမ်းခြောက်၊  ဓားပြတိုက်၊ ဘိန်းစိုက်၊ ဥပဒေကိုဆန့်ကျင်တာတွေကို လုပ်နေကြပေမယ့် သူတို့ ဆွေမျိုးသားချင်းတွေကို အိမ်တိုင်ရာရောက် ဆေးဝါးလာရောက်ကုသ ပေးနေခဲ့တဲ့  ဒီဆရာဝန်မကြီးကိုတော့  ရန်မပြုခဲ့ပါ။  တောင်ပေါ် တိုင်းရင်းသားအများစုက ရိုးသားကြတဲ့အပြင် ယဉ်ကျေးကြတယ်။ မရိုင်းစိုင်းပါ။ ဘာသာ၊ သာသနာရဲ့အဆုံးအမကိုလည်း လိုက်နာကြတယ်။ စိတ်ကောင်းရှိကြပါတယ်။ ဒေသခံတိုင်းရင်းသားများက ဒေါက်တာကို ချစ်ခင်ကြပြီးသား။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ၊ မတ်လဆီက စလိုက်တဲ့ သပိတ်စုံ သူပုန်ထ၊ အစိုးရပြုတ်ကျအောင် CDM (Civil Disobedience Movement) ဆိုတဲ့ လူထုဆန္ဒပြဆန့်ကျင်အုံကြွရေးလှုံ့ဆော်မှုများဟာ မြို့ထဲရွာထဲ လူနေရပ်ကွက်ထဲကို မစင်ရေ၊ ကျင်ငယ်ရေ အညစ်အကြေး အမှိုက် သရိုက် ရေစီးကြောင်းတွေ စီးဝင်လာသလို ရိုက်ခတ်ကူးစက်ခဲ့ပါတယ်။ နံစော်ညစ်ပေ။
လူငယ်တွေကို ပူးကပ်ဖျက်ဆီးတယ်။
လူလတ်ပိုင်းတွေကို တွေဝေစေတယ်။
လူကြီးပိုင်းကို စိတ်အနှောင့်အယှက်ပေးတယ်။
တောရောမြို့ပါ ကျန်းမာရေး၊ ပညာရေးတွေ ပျက်စီးယိုယွင်းအောင် ထိုးဖောက်ဖျက်ဆီးခဲ့ကြပါတယ်။  အဆိုးဆုံးကတော့  ကျန်းမာရေး ဝန်ထမ်းအချို့နဲ့ (ဦးဆောင်လှုံ့ဆော်သူဟာ ဘယ်ဘာသာဝင်လဲဆိုတာ တောင် မသိခဲ့ကြဘဲနဲ့ ရောတောယောင်တောင်လိုက်ပါ) ပညာရေး ဝန်ထမ်းအချို့ရဲ့ တစ်ပါတီအာဏာရရေး နိုင်ငံရေးဦးတည်ချက်ကို နိုင်ငံ့ဝန်ထမ်းက ပြည်သူ့အကျိုးစီးပွားကိုသာ အဓိက ဝန်ထမ်းရမယ် ဆိုတဲ့ ကျင့်ဝတ်ကို ချိုးဖောက်ဖျက်ဆီးလွဲမှားခဲ့ကြခြင်းပဲ။
ပြည်သူများကို ကုသရေးတာဝန်
ဒေါက်တာ ဒေါ်ဝင့်ဝင့်မြိုင်ကတော့ ပြည်သူ့အကျိုးကို ဆန့်ကျင် ဖျက်ဆီးပြီး CDM  သပိတ်မှောက် အလုပ်မလာဘဲ နေရမယ်ဆိုတဲ့ ဆွဲဆောင်မှုကို လုံးဝမလိုက်နာနိုင်ဘူး။ အစိုးရက လစာပေးပေး၊ မပေးပေး ရှိတဲ့ဆေးဝါးနဲ့ ကုသလက်စလူနာများ၊ လာပြတဲ့ လူနာ ပြည်သူများကို    ကုသရေးတာဝန်   ဆက်ပြီးဆောင်ရွက်နေမှာပဲ။ တစ်ယောက်တည်းပဲကျန်စေဦး ငါကတော့ ခြင်္သေ့ပဲဆိုတဲ့စိတ်ရှိတယ်။ ခွေးအတွေ  အုပ်စုလိုက် ဘယ်လောက်ပဲ  အူအူဆူဆူ၊  သူကတော့ ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်ခြင်းကို     မပျက်မကွက် ဆက်လက်လုပ်ဆောင်နေဆဲ။ အေးအေးဆေးဆေးပုံမှန်ပါပဲ။
ခြိမ်းခြောက်သူတွေ အနီးကရော အဝေးကပါ ရှိလာခဲ့တယ်။ အသက်ကိုတောင် အန္တရာယ်ပြုနိုင်တယ်ဆိုတာလည်းမသိဘဲ ရှိပါ့ မလား။ အစွန်အဖျား ဝေးလံခက်ခဲ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက် တောရွာတွေထိအောင် အစိုးရကျန်းမာရေးဌာနအနေနဲ့ ကိုဗစ်ရောဂါ ကူးစက်မြန်အဆုတ်ရောဂါ ကမ္ဘာလုံးချီတဲ့ ပျံ့နှံ့သေကျေနေခြင်းမှ ကာကွယ်ဆေးထိုးပေးဖို့ရာ တာဝန်ကိုတော့ ဒေါက်တာဝင့်ဝင့်မြိုင် မရှောင်လွှဲနိုင်ခဲ့ပါ။    မလာနိုင်တဲ့    တောသူတောင်သားများထံ သူကတော့ သွားမှာပဲ။
(၃)
၂၀၂၁ ဒီဇင်ဘာ ၁၄ အင်္ဂါနေ့ နံနက်စော။
ကိုယ်တို့ရှမ်းပြည်နယ် (မြောက်ပိုင်း) အေးစပြုပြီ။ 
ပေလေးထောင်အထက်မြင့်တဲ့ ကွတ်ခိုင်မြို့။
ဒီဇင်ဘာ ဆောင်းဦးရာသီ နှင်းတွေဝေနေဆဲလေ။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊     ဒုမြို့နယ်ဦးစီးမှူးက ဦးဆောင်ပြီး  ကွတ်ခိုင်မြို့နယ်  ကုသရေးဦးစီးဌာနမှူး  ဆရာဝန် ဒေါက်တာဝင့်ဝင့်မြိုင်နဲ့ သားဖွားဆရာမ သုံးဦး၊ ကွတ်ခိုင်မှ မုံးစီးရွာ သို့ ကားနဲ့ ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးပေးဖို့ရာ သွားခဲ့ကြ တယ်။ လမ်းက တောလမ်း၊ ကားလမ်းပေါက်ရုံ ကျောက်ကြမ်းလမ်း။ မြေလမ်း။ မုံးစီးရွာရောက်တော့ လူစုရတာ၊ လူစောင့်ရတာ၊ ဆေးထိုး တာနဲ့ အချိန်ဟာ ကုန်မှန်းမသိ။ ဆောင်းဝင်ပြီဆိုတော့ ညနေ ၆ နာရီ ကျော်တာနဲ့ မှောင်ရီပျိုးပါပြီ။
ညနေ နေဝင်ရိုးရီ နွားရိုင်းသွင်းချိန်ကျော်လာတော့ မှောင်ပေပြီ။ တာမိုးညဲမြို့လေးမှ ဆက်ထွက်ကာ မော်ဟန်နဲ့ နောင်ချိုရွာအကြား အမည်မသိလက်နက်ကိုင်အဖွဲ့က ကားကိုတားပြီး ကားပေါ်ပါလာသူ တွေကို ဆင်းစေတယ်။
“မြို့နယ်ဆရာဝန်လား။ လာခဲ့”
မြို့နယ်ဆရာဝန်ကြီးတစ်ယောက်တည်းကိုပဲ     သေနတ်နဲ့ အနီးကပ်ပစ်သတ်သွားပါတယ်။                     m စာမျက်နှာ ၆ မှ
ကျည်ဝင်ဒဏ်ရာ  ငါးချက်ရပြီး  အခင်းဖြစ်နေရာမှာပဲ  သေဆုံး ရှာပါတယ်။  တာဝန်ကျေတဲ့  ကြယ်တစ်ပွင့်ဟာ  ကြွေလွင့်ခဲ့ရရှာပြီ။ ဘာတော်လှန်ရေးလဲ။
အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်း
နွေဦးတော်လှန်ရေးက   ဆောင်းရောက်နေပြီ။  လီဆယ်လှည့် စား  မုသားမက်လုံးအမျိုးမျိုးနဲ့  မသိနားမလည်သူ  လူငယ်တွေကို သွေးဆောင်ဖြားယောင်းပြီး  အိမ်ကြက်ချင်း  အိုးမဲသုတ်  ခွပ်ခိုင်း နေတာ။    အနောက်ကမ္ဘာအဝေးတစ်နေရာက     ဖေ့စ်ဘွတ် ဖုန်းမျက်နှာပြင်ပေါ်ကနေ    ခိုင်းစေညွှန်ကြားပြီး  အကြမ်းဖက် လူသတ်နေကြတာ။  အကြမ်းဖက်မှုရဲ့    တန်ပြန်ရိုက်ချက်လာမှာ ပါ။
ဆရာဝန်က   ဆရာဝန်အလုပ်လုပ်တာကို  ရက်ရက်စက်စက် အနီးကပ်ပြီး သေနတ်နဲ့ ငါးချက် ပစ်ခတ်သတ်ဖြတ်တာ၊ မသေမချင်း လုပ်ကြံမှုဟာ တော်လှန်ရေးလား။ ဝေးပါသေးကွာ။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွက်   စံပြမြို့နယ်ဆေးရုံဆုကို  ၂၀၁၇၊  ၂၀၁၈၊  ၂၀၁၉  ခုနှစ်တွေ၊ သုံးနှစ်ဆက်တိုက် ထူးချွန် စွမ်းဆောင်မှုအတွက် သူက ရွေးချယ်ခံရအောင် ဒေသခံပြည်သူအပေါ် စေတနာ  အလွန်ကြီးမားထက်သန်လှတဲ့  ဆရာဝန်မကြီးပါကွာ။
ဒေါက်တာ  ဝင့်ဝင့်မြိုင်  (၅၁)  နှစ် သေဆုံးတာဟာ  သူ့ရဲ့မိခင်နဲ့ သူ့ညီမလေးတွေပဲ   ကြေကွဲရတာမဟုတ်ဘူး။   ငါတို့ကွတ်ခိုင် တစ်မြို့နယ်လုံးအတွက်    ဒီလိုလူစားမျိုး    ပြန်ရနိုင်ဖို့မလွယ်ဘူး ဆိုတာ  နားလည်ခံစားရတဲ့   မြို့နယ်တစ်ခုလုံးမှာရှိတဲ့   ဒေသခံ တိုင်းရင်းသားအားလုံးမှာ  ရင်ကွဲမတတ်၊ အသည်းကြွေမတတ်  ခံစား နေကြရတယ်ကွ။ သိလား။
မင်းတို့ရဲ့   မိုက်ရိုင်းရက်စက်တဲ့   လူသတ်ဝါဒဟာ  ကမ္ဘာ စစ်တိုက်နေကြတဲ့  စစ်ဗိုလ်စစ်သားတွေထက်တောင်  အသိဉာဏ်၊ လူ့အသိစိတ်ကင်းမဲ့လွန်းလှပါတယ်   မောင်တို့ရယ်။  ရာဇဝင်မှာ စာတင်လောက်အောင်    ရှက်စရာကောင်းအောင်   ယုတ်ညံ့တဲ့ မင်းတို့လိုလူစားတွေအတွက်   နိုင်ငံတကာရှိ   ဆေးလောက ဆေးကုသတဲ့ဆေးပညာရှင်  ဆရာဝန်အားလုံးကို  အနူးအညွတ် ရိုကျိုးစွာတောင်းပန်စကား  ဆိုလိုက်ပါတယ်ကွာ။  ငါ လမာဂမ်ပါ။
ဒီအမှားအတွက်  ငါကြေကွဲဝမ်းနည်း  မဆုံးပါဘူး။  မင်းတို့အပြု အမူ လွဲချော်မိုက်ကမ်းမှုတွေဟာ  လူ့ဘဝလူ့အဆင့်နဲ့ မထိုက်တန် ပါဘူးကွယ်။   မင်းတို့နဲ့  ထိုက်တန်ရာဘဝကို   ရောက်ကြပါစေ   ကွယ်။       ။