
ဘားအံ မေ ၂၁
ကရင်ပြည်နယ် စုံနံ့သာမြိုင်ဆွေ မြို့တော် ကျေးဇူးတော်ရှင် ဒုတိယ မြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တ ဉာဏိက၏ (၆၅) နှစ်ပြည့် ဝိဇာတ မွေးနေ့ အလှူတော်မင်္ဂလာ နှင့် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်း အနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
ဝိဇာတ မွေးနေ့အခမ်းအနား ကို နမောတဿ သုံးကြိမ်ရွတ်ဆို ပူဇော်ဘုရားကန်တော့၍ ဖွင့်လှစ် ပေးကာ ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တဉာဏိက၏ ထေရုပ္ပတ္တိ အကျဉ်းကို မြဝတီမြို့ သင်္ကန်း ညီနောင်ကျေးရွာ ဗုဒ္ဓသုခကျောင်း ဆရာတော် ဘဒ္ဒန္တသုန္ဒရက ဖတ် ကြားပူဇော်ပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်းနှင့် သံဃာ တော်အရှင်သူမြတ်တို့ ရွတ်ဖတ် သရဇ္ဈယ်သော မေတ္တသုတ်တရား တော်နှင့် ကျေးဇူးတော်ရှင် ဒုတိယ မြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တ ဉာဏိက ဟောကြားတော်မူသော အနုမောဒနာ တရားတော်များကို အလှူတော်မင်္ဂလာသို့ တက် ရောက်လာကြသော ဧည့်ပရိသတ် များက နာယူခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုအစုစုတို့ကို ဆက်ကပ် လှူဒါန်း၍ ရေစက်ချအမျှပေးဝေ ကြသည်။
အဆိုပါ ဝိဇာတမွေးနေ့ပူဇော် ပွဲအခမ်းအနားသို့ အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ကရင်ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ တာဝန်ရှိသူများနှင့် ဧည့်ပရိသတ်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ခရိုင်
(ပြန်/ဆက်)