
ကော့သောင်း စက်တင်ဘာ ၁၀
ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ယခုရက်ပိုင်းအတွင်း ပြည်တွင်းကူးစက်မှုအဖြစ် အစုလိုက် ကူးစက်မှုပြန်လည်ဖြစ်ပွားလာ နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ကူးစက်မှု ထိန်းချုပ်နိုင်ရေးခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင်ပေးသည့် နှာခေါင်းစည်းလှုပ်ရှားမှုတစ်ရပ်ကို ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက် မြို့မဈေးရှေ့၌ ယနေ့နံနက်ပိုင်း က ဆောင်ရွက်သည်။
ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှားဆောင်ရွက် လျက်ရှိရာ မြို့နေပြည်သူများ လမ်းပေါ်ထွက်ပါကနှာခေါင်းစည်းများ တပ်ဆင်ကြရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားပြီးဖြစ်ပြီး ပြည်သူအများစု နှာခေါင်းစည်း တပ်ဆင်ကြသော်လည်း စည်းကမ်း မလိုက်နာသူ ပြည်သူတချို့ကြောင့် ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေး ယခုကဲ့သို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း များ၊ ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းကာ သွားလာနေသူများကို ပါးစပ်နှာခေါင်းစည်း ဝေငှပေးခဲ့ ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)