ကော့သောင်းကုန်သွယ်ရေးစခန်းတွင် နယ်မြေတည်ငြိမ်အေးချမ်း၍ ကုန်စည်ကူးသန်းရောင်းဝယ်ရေး စည်ကားလျက်ရှိ

 

နေပြည်တော်  စက်တင်ဘာ  ၂၁


ကော့သောင်းကုန်သွယ်ရေးစခန်းမှ စက်တင်ဘာ ၂၀ ရက်တွင် ပို့ကုန် အနေဖြင့် ငါးမျိုးစုံ တန် ၈၆၀ (တန်ဖိုး ၀ ဒသမ ၉၃၆ ဒေါ်လာသန်း)နှင့် သီဟိုစေ့ ငါးတန် (တန်ဖိုး ၀ ဒသမ ၀၀၆ ဒေါ်လာသန်း) တင်ပို့ခဲ့ သည်။ သွင်းကုန်အနေဖြင့်   ဓာတုကုန်ကြမ်းများ   တန် ၃၀  (တန်ဖိုး ၀ ဒသမ ၀၀၄ ဒေါ်လာသန်း)၊ လူသုံးကုန်ပစ္စည်းများ ၁၇ တန် (တန်ဖိုး ၀ ဒသမ ၀၁၁ ဒေါ်လာသန်း)နှင့် ပီလောပီနံမှုန့် တန် ၉၀ (တန်ဖိုး ၀ ဒသမ ၀၃၁ ဒေါ်လာသန်း)   တင်သွင်းနိုင်ခဲ့ပြီး   နယ်မြေအခြေအနေ  တည်ငြိမ်အေးချမ်းစွာဖြင့်  ကုန်စည်ကူးသန်း  ရောင်းဝယ်ဖောက်ကား စည်ကားလျက်ရှိသည်။

 


ကော့သောင်းနယ်စပ်ဒေသ၌  ပို့ကုန်၊  သွင်းကုန်ဆိုင်ရာ   နှစ်နိုင်ငံ ငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ Designated Bank များ ဖြစ်သည့် A Bank ၊ MEB ၊ KBZ စသည့်ဘဏ်များဖြင့် ဆောင်ရွက်လျက်ရှိ၍ ငွေကြေးဈေးကွက်တည်ငြိမ်လာပြီး စက်တင်ဘာ ၂၁ ရက်နေ့ ပြင်ပ ငွေလဲနှုန်းမှာ မြန်မာငွေကျပ် တစ်သိန်းလျှင် ဘတ် ၁၁၇၆ ၊  တစ်ဘတ် လျှင် မြန်မာငွေကျပ် ၈၅ ကျပ်ခန့် ရှိကြောင်း သိရှိရသည်။
 

သတင်းအရင်းအမြစ် - စီးပွား/ကူးသန်း