
ကော့သောင်း ကုန်သွယ်ရေး စခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန် အသာစီးရသည့် စခန်းတစ်ခု ဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ငါးစည် ဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့နှင့် ဆီအုန်းတို့ ဖြစ်သည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ပို့ကုန်တန်ချိန် ၂၂၅၉ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၅၃၇ သန်း၊ သွင်းကုန်တန်ချိန် ၆၃၆၃ ဒသမ ၁၇ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၃၉ သန်းရှိပြီး ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၉၇၆ သန်း ရရှိခဲ့ပါသည်။ အများဆုံး တင်ပို့ နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးမျိုးစုံ နှင့် ကင်းမွန်၊ ဆီအုန်း၊ အုန်းဖက် အက်ဆစ်၊ ဓနိအုန်း၊ ဆီအုန်း ကြိတ်ဖတ်တို့ဖြစ်ပြီး အများဆုံး တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း များမှာ ဓာတ်ဆီ၊ ဒီဇယ်၊ ပီလော ပီနံမှုန့်၊ ဟိုက်ဒရိုဂျင်ပါ အောက် ဆိုဒ်၊ ဆိုဒီယမ်ကာဗွန်နိတ်၊ အနံ့ရည်၊ ဆား၊ ရေခဲပုံး၊ ဆီလီကွန်၊ မီးသွေးမှုန့်၊ ထုံးမှုန့်၊ ကုန်စုံ၊ ဘက်ထရီ၊ ဆီအုန်းမျိုးစေ့၊ ငှက်သိုက်၊ ကြိုး၊ ကျောက်ချဉ်၊ စတီးဝိုင်ယာကြိုး၊ ပုလင်းခွံ၊ ဆိုးဆေးမှုန့်၊ ဓာတုကုန်ကြမ်း၊ နှင်းရည်တို့ဖြစ်ကြောင်း သိရှိ ရသည်။
မတ် ၁ ရက် ပြင်ပ ငွေလဲနှုန်း မှာ မြန်မာငွေကျပ် တစ်သိန်းလျှင် ၁၂၁၂ ဘတ်၊ တစ်ဘတ်လျှင် မြန်မာ ငွေ ၈၂ ဒသမ ၅ ကျပ်ခန့်ဖြစ်သဖြင့် ဖေဖော်ဝါရီ ၂၈ ရက်ထက် တစ် ဘတ်လျှင် ၀ ဒသမ ၅ ကျဆင်း သွားကြောင်း သတင်းရရှိသည်။