
ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်း များကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ငါးပါကင်နှင့် ဆီအုန်းတို့ ဖြစ်သည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၂ ရက်အထိ အများဆုံး တင်ပို့ နိုင်သည့် ပို့ကုန်ပစ္စည်းများမှာ ငါးနီငယ် ၉၄ ဒသမ ၈၉၀ တန်၊ ငါးပုလွေ ၇၀ ဒသမ ၂၁၀ တန်၊ ပလာတူးခက် ၂၂၀ ဒသမ ၄၀၀ တန်၊ ပလာလန်း ၂၅ ဒသမ ၅၈၀ တန်၊ လိုင်းဝါ ၃၅ ဒသမ ၉၆၀ တန်၊ ကင်းမွန် ၃၉ ဒသမ ၈၇ တန်၊ ကင်းမွန်လိပ် ၁၀ ဒသမ ၉၀၀ တန်၊ စက်ဟောက် ၁၃၉ ဒသမ ၃၈ တန်၊ တာဝမ် ၇၀ ဒသမ ၀၆ တန်နှင့် ပါကင် ၁၉၆ ဒသမ ၅၀၀ တန်တို့ ဖြစ်သည်။
အများဆုံးတင်သွင်းခဲ့သည့်ပစ္စည်းမှာ သံပီပါအလုံး ၁၁၀၀၊ ဖိနပ် အရန် ၄၈၆၀ ၊ ကွန်ပျူတာအပိုပစ္စည်း ၄၆ ခု၊ ဓာတုပစ္စည်း ၁၅ ဒသမ ၅၀၀ တန်၊ လူသုံးပစ္စည်း ၅ ဒသမ ၆၁၇ တန်နှင့် ကျောက်ချဉ် ၃၅ ဒသမ ၀၀ တန်တို့ တင်သွင်းခဲ့သည်။
ပို့ကုန်ပစ္စည်းများ တစ်တန် ဈေးနှုန်းအနေဖြင့် ငါးနီငယ် ၈၀၃ ဒသမ ၅၅ အမေရိကန်ဒေါ်လာ၊ ငါးပုလွေ အမေရိကန်ဒေါ်လာ ၁၁၀၂ ဒသမ ၅၀၊ ပလာတူးခက် အမေရိကန်ဒေါ်လာ ၈၁၀၊ ပလာလန်း အမေရိကန် ဒေါ်လာ ၁၁၀၀ ၊ လိုင်းဝါ အမေရိကန်ဒေါ်လာ ၉၀၀၊ ကင်းမွန်လိပ် ၂၁၁၉ ဒသမ ၂၈ အမေရိကန်ဒေါ်လာ၊ စက်ဟောက် ၇၅၃ ဒသမ ၇၆ အမေရိကန်ဒေါ်လာ၊ တာဝမ် ၇၃၁ ဒသမ ၀၂ အမေရိကန်ဒေါ်လာနှင့် ပါကင် ၄၅၀ ဒသမ ၀၃ အမေရိကန်ဒေါ်လာ တို့ဖြစ်သည်။
သွင်းကုန်ပစ္စည်းများ ဈေးနှုန်းအနေဖြင့် သံပီပါတစ်လုံးလျှင် ၃ ဒသမ ၉၄၄ အမေရိကန်ဒေါ်လာ၊ ဖိနပ်တစ်ရန်စျေးနှုန်း ၀ ဒသမ ၁၂၇ အမေရိကန်ဒေါ်လာ၊ ကွန်ပျူတာအပိုပစ္စည်းတစ်ခု ၈၉၆ ဒသမ ၀၀၇ အမေရိကန်ဒေါ်လာ၊ ဓာတုပစ္စည်းတစ်တန် ၂၃၃ ဒသမ ၂၆၈ အမေရိကန် ဒေါ်လာ၊ လူသုံးပစ္စည်းတစ်တန် ၅၁၂ ဒသမ ၇၄၀ အမေရိကန်ဒေါ်လာနှင့် ကျောက်ချဉ်တစ်တန် ၁၆၀ ဒသမ ၈၂၅ အမေရိကန်ဒေါ်လာတို့ဖြစ်ကြောင်း သိရှိရသည်။
DOT (ကော့သောင်း)