ကော့သောင်းကုန်သွယ်ရေးစခန်း ဒေါ်လာ ၂၂ ဒသမ ၄၀၈ သန်း ကုန်သွယ်မှုပြုနိုင်ခဲ့

 

ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်း နိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော  ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။  အဓိကတင်ပို့နေသော ပစ္စည်းများမှာ   ငါးမျိုးစုံ၊  ငါးစီဖောင်း၊ ပုစွန်၊ ငါးဆားနယ်၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်)၊ ခရုနှင့် ငါးမှုန့်၊ သီဟိုဠ်စေ့၊ ဆီအုန်းတို့ ဖြစ်သည်။ 
၂၀၂၃ ခုနှစ်  မတ် ၁ ရက်မှ ၂၈ ရက်အထိ ပို့ကုန်တန်ချိန် ၂၀၇၂၂ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ  ၂၀ ဒသမ ၁၁  သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၉၈ သန်း ဆောင် ရွက်ခဲ့ပြီး    ကုန်သွယ်မှုပမာဏ    အမေရိကန် ဒေါ်လာ ၂၂ ဒသမ ၄၀၈ သန်း   ကုန်သွယ်မှု ပြုနိုင်ခဲ့သည်။     အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာ ငါးမျိုးစုံနှင့် ကင်းမွန်၊ ဆီအုန်း၊ ဓနိအုန်း၊ ဓနိဖက်၊ ဆီအုန်း   စွန့်ပစ်ပစ္စည်း တို့ဖြစ်ပြီး  အများဆုံးတင်သွင်းခဲ့သည့်  သွင်းကုန် ပစ္စည်းများမှာ ပီလောပီနံမှုန့်၊ ကြွေပြား၊ ဆား၊ ကုန်စုံ၊   စတီးဝိုင်ယာကြိုး၊   ဒီဇယ်၊  ဓာတ်ဆီ၊ ဆီလီကွန်၊ ဆာလဖာ၊ ကျောက်ချဉ်၊ မီးသွေးမှုန့်၊ ရေသန့်စင်စက်၊     ရေကူးကန်သုံးအပိုပစ္စည်း၊ နိုင်လွန်ကြိုး၊   ငါးဖမ်းပိုက်ကွန်၊   ငှက်သိုက်၊ သင်္ဘောအပိုပစ္စည်း၊ ငါးထည့်သည့်ခြင်း၊ ရေခဲပုံး၊ ဖိနပ်ကုန်ကြမ်း၊ ထုံးမှုန့်၊ ဆိုးဆေး၊ ကန့်၊ သားရေ ကြိုး၊  ဘောင်းဘီမျှော့ကြိုး၊  ဓာတုကုန်ကြမ်း ပစ္စည်းတို့ဖြစ်ကြောင်း သိရသည်။ 
မတ် ၂၉ ရက်တွင်    ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် တစ်သိန်းလျှင် ၁၂၀၅ ဘတ်၊ တစ်ဘတ်လျှင်   မြန်မာငွေ ၈၃  ကျပ်ခန့်ဖြစ် ကြောင်း သတင်းရရှိသည်။