
နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်နစ်နာရသည့်ကဏ္ဍများတွင် ပညာရေးကဏ္ဍလည်း ပါဝင်သည်။ ကျောင်းများကို လပေါင်းများစွာ ပိတ်ထားရခြင်းကြောင့် ကျောင်းသား ကျောင်းသူ ကလေးငယ်များမှာ ပညာရေးနှင့် ဝေးနေကြရသည်။ မကြာမီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက်နေပြီး နိုင်ငံတစ်ဝန်းရှိ အသက် ၁၂ နှစ်အထက် အခြေခံ ပညာကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေးကို ရှေးဦးစွာဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိသည်။ အဆိုပါ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းအားဖြင့် ပညာသင်ယူမှုအခွင့်အလမ်းများ ရရှိလာမည်ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် အခြေခံပညာကျောင်းသား ကျောင်းသူ ၂၂၆ဝ၄ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အောက်တိုဘာ ၁၆ ရက်တွင် ထိုးနှံပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါကာကွယ်ဆေးထိုးနှံပေးရေးနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက် နေမှုအခြေအနေများကို မိတ္ထီလာမြို့နယ်ပညာရေးမှူး ဦးဝင်းဗိုလ်နှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်-
မေး။ မြို့နယ်အတွင်းက အသက် ၁၂ နှစ်အထက်
အခြေခံပညာ ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတဲ့အခြေအနေလေးပြောပေးပါခင်ဗျာ။
ဖြေ။ အသက် ၁၂ နှစ်အထက် အခြေခံပညာ
ကျောင်းသား ကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့ မြို့နယ်အဆင့် လုပ်ငန်းဆောင်ရွက်မှုကော်မတီ၊ ဆေးထိုးအုပ်စု အဆင့် လုပ်ငန်းဆောင်ရွက်မှုကော်မတီ၊ ကျောင်း အဆင့် လုပ်ငန်းဆောင်ရွက်မှုကော်မတီဆိုပြီး ကော်မတီအဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။ အောက်တိုဘာ ၁၆ ရက်မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့ စီစဉ်ထားပါ တယ်။
မေး။ မြို့နယ်အတွင်းမှာ အခြေခံပညာကျောင်းပေါင်း
ဘယ်လောက်ရှိပါသလဲ ဆရာ။ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း အရေအတွက်နဲ့ တစ်ဆက်တည်း မြို့နယ်အတွင်း အသက် ၁၂ နှစ်အထက် အခြေခံကျောင်းသား ကျောင်းသူ စုစုပေါင်း ဘယ်နှဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးမှာလဲဆိုတာပါ ဖြေပေး ပါဦးခင်ဗျာ။
ဖြေ ။ မြို့နယ်အတွင်းမှာ အခြေခံပညာကျောင်း
၂၆၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ၁၉ ကျောင်းနဲ့ ကိုယ်ပိုင်ကျောင်း ၁၉ ကျောင်း ရှိပါတယ်။ အသက် ၁၂ နှစ်အထက် အခြေခံပညာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၂၆ဝ၄ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။
မေး။ အခုလို ကျောင်းသား ကျောင်းသူတွေကို
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့အစည်း တွေကိုလည်း ပြောပေးပါဦးဆရာ။
ဖြေ။ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊
ကျန်းမာရေးဌာန၊ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်း၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီ နဲ့ မီးသတ်တပ်ဖွဲ့တို့ဖြစ်ပါတယ်။
မေး။ ဆေးထိုးစုရပ် ဘယ်နှခုခွဲပြီးထိုးပေးမှာပါလဲ
ခင်ဗျာ။ ဆေးထိုးစုရပ်တွေနဲ့ ဆေးထိုးပေးမယ့် နေ့ရက်တွေကို သက်ဆိုင်တဲ့ ကျောင်းသား ကျောင်းသူ များ သိရှိလာရောက်ထိုးနှံနိုင်ဖို့အတွက် ဘယ်လိုစီစဉ် ဆောင်ရွက်ထားပါသလဲခင်ဗျာ။
ဖြေ။ ဆေးထိုးစုရပ် ၁၂ နေရာခွဲပြီး ထိုးနှံပေးသွားမှာ
ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပေးမယ့် နေ့ရက်တွေနဲ့ နေရာများကို သက်ဆိုင်တဲ့ ကျောင်းသား ကျောင်းသူတွေ သိရှိနိုင်ဖို့အတွက် သက်ဆိုင်ရာ ကျောင်းအုပ်တွေကတစ်ဆင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေနဲ့ ချိတ်ဆက်အသိပေးသွားမှာ ဖြစ်ပါတယ်။
မေး။ မြို့နယ်အတွင်းအခြေခံပညာကျောင်းတွေက
ဆရာ ဆရာမတွေရော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးပြီလား ခင်ဗျာ။
ဖြေ။ ဆရာ ဆရာမအားလုံး ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေး နှစ်ကြိမ်စီထိုးနှံပြီးစီးပါပြီ။
မေး။ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်
နိုင်ဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားတဲ့ အခြေအနေလေးကို ပြောပေးပါဦးခင်ဗျာ။
ဖြေ။ မကြာခင်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ရေး
အတွက် ကျောင်းနဲ့ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ စာသင်ခန်းတွေအတွင်း သန့်ရှင်းရေး ပြုလုပ်ပြီး စာသင်ခုံတွေကိုလည်း တစ်ခုံနဲ့ တစ်ခုံ လေးပေစီခြားပြီး စီစဉ်ထားရှိခြင်း၊ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးလမ်းညွှန်ချက်များအတိုင်း ပြင်ဆင်ဆောင်ရွက်ခြင်း တို့ကို သက်ဆိုင်ရာကျောင်းအုပ်များထံ ညွှန်ကြား စီစဉ်ထားပြီးဖြစ်ပါတယ်။
မေး။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောကြားစရာရှိရင်
ပြောပေးပါဦးခင်ဗျာ။
ဖြေ။ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ
တွေကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရင် ပိုကောင်းမယ်လို့ အကြံပြုချင်ပါ တယ်။ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူတွေ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး ပေးတဲ့အတွက် ပညာသင်ကြားသင်ယူခွင့် ပိုမိုရရှိနိုင် တော့မှာဖြစ်လို့ သူတို့လေးတွေအတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။
အသက် ၁၂ နှစ်အထက် အခြေခံပညာ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ မကြာမီထိုးနှံပေးတော့မည်ဖြစ် သည်။ ကျောင်းသားမိဘများက မိမိတို့၏ ရင်သွေးငယ် များ ပညာသင်ကြားသင်ယူနိုင်ခွင့် အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် ထိုးနှံခွင့်ရရှိသည့် ကျောင်းသား ကျောင်းသူတိုင်းအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ကြပါစေကြောင်း မေးမြန်းတင်ပြ လိုက်ပါသည်။
တွေ့ဆုံမေးမြန်းနှင့် ဓာတ်ပုံ
ချမ်းသာ(မိတ္ထီလာ)