ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်

 

 

နေပြည်တော်   မေ   ၃၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့်    အနောက်တောင် တိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား ကျောင်းသူ များအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များ  ပေးအပ်ခြင်းကို  ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အရာရှိ၊ စစ်သည်၊  မိသားစုများ၊  ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။
ဦးစွာ   တိုင်းမှူးက   အဖွင့်အမှာစကား ပြောကြားသည်။   ထို့နောက်  တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင်   တက်ရောက်ပညာ   သင်ကြားကြမည့် မူလတန်း၊  အလယ်တန်း၊  အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူ  ၄၃၀  အတွက်  ပညာသင်စရိတ်၊  ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် အသုံးအဆောင်ပစ္စည်း များကို ပေးအပ်ရာ ကျောင်းသား ကျောင်းသူ များက လက်ခံရယူကြသည်။ 
အလားတူ    တိုင်းစစ်ဌာနချုပ်  ကွပ်ကဲမှု အောက်       တပ်ရင်း/တပ်ဖွဲ့များ၌လည်း ကျောင်းသား   ကျောင်းသူများကို   ကျောင်း ဝတ်စုံနှင့်  စာရေးကိရိယာများကို တာဝန်ရှိ သူများက   ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။           သတင်းစဉ်