
မုံရွာ မတ် ၃
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် မတ် ၁ ရက် ညနေပိုင်းက မုံရွာမြို့ ကိုယ်ပွား သတင်းစာတိုက်နှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ရုံးတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက် အားပေး သည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ အားကစားနှင့် ကာယပညာဦးစီးဌာန တိုင်းဒေသ ကြီး ညွှန်ကြားရေးမှူး၊ တိုင်း ဒေသကြီး/ ခရိုင်နှင့် မြို့နယ်ပညာ ရေးမှူး၊ ဆရာ ဆရာမများနှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနက မုံရွာမြို့ ပြည်သူ့အားကစား ကွင်းတွင် ဖွင့်လှစ်ထားသော နွေရာသီ အားကစား သင်တန်းများကို ကြည့်ရှုအားပေးသည်။ ထို့နောက် Gym ခန်းမတွင် အားကစား အထောက်အကူ ပစ္စည်းများဖြင့် နေ့စဉ်လာရောက် လေ့ကျင့်ကစား နေကြသော အားကစားသမားများ၊ လူငယ်များ၊ ကျောင်းသား ကျောင်းသူများ၊ နည်းပြများ၊ စေတနာဖြင့် လာရောက်ကူညီ နည်းပြပေးနေကြသည့် လက်ရွေးစင် အားကစားသမားဟောင်းကြီးများ အား ကြည့်ရှုအားပေးသည်။
ထို့နောက် အားကစားခန်းမ တွင် နည်းပြများ၊ အားကစားသမား များ၊ သင်တန်းသား သင်တန်းသူ လူငယ်များ၊ ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ ယခုလို နေ့စဉ် အားကစား လေ့ကျင့်သူများ Gym လာရောက် ကစားလေ့ကျင့်ကြပြီး နည်းပြများ နှင့် အားကစားသမားဟောင်းကြီး များက ကူညီပြသပေးနေသည်မှာ ကောင်းမွန်သည့် အစဉ်အလာဖြစ် ကြောင်း၊ အားကစားဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်သည် အထိ ကြိုးစားဆောင်ရွက်သွားကြ စေလိုကြောင်း၊ ယခုလိုနွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း ဘောလုံး၊ မြန်မာ့သိုင်း၊ ကရာတေးဒို၊ Fitness Dance စသည့် အားကစား နည်းအလိုက် သင်တန်းများဖွင့်လှစ် ပေးခြင်းဖြင့် ကျောင်းသား ကျောင်းသူများ ကျောင်းပိတ်ရက် များတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြု ဖြတ်သန်းနိုင်ကြမည် ဖြစ်ကြောင်း၊ လူငယ်များ၏ ပညာ ရေး၊ ကျန်းမာရေး၊ စိတ်ဓာတ်၊ စည်းကမ်းမှအစ များစွာအထောက် အပံ့ရနိုင်မည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေ ဖြင့်လည်း ပညာတတ်မြောက် အောင်သင်ယူရန် လိုအပ်သည့် အပြင် အသိပညာ ဗဟုသုတ လေ့လာရှာဖွေပြီး စာပေဖတ်ရှု ကြရန်လိုအပ်ကြောင်း၊ ပညာရေး သာမက ယခုကဲ့သို့ ငယ်စဉ်ကတည်း က အားကစားလေ့လာလိုက်စား သွားပါက ကျန်းမာသန်စွမ်း၊ အနာရောဂါကင်းပြီး အသက် ရှည်ရှည် နေနိုင်ကြမည်ဖြစ်ကြောင်း၊ ဗလငါးတန်ပြည့်ဝပြီး နိုင်ငံ့အနာဂတ် အတွက် အဖိုးတန်သားကောင်း ရတနာများဖြစ်အောင် ကြိုးစား ကြစေလိုကြောင်း၊ မိဘဆရာများနှင့် တာဝန်ရှိသူများကလည်း ဝိုင်းဝန်း ပြုစုပျိုးထောင်ပေးကြရန် လိုအပ် ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် အားကစားသိပ္ပံ စာကြည့်တိုက်အတွက် စာအုပ် စာစောင်များကို လှူဒါန်းပြီး တက်ရောက်လာကြသူများနှင့် အတူ သင်တန်းသား၊ သင်တန်းသူ များ၊ လူငယ်များ၊ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ထို့နောက် မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကို ကြည့်ရှုစစ်ဆေးပြီး တိုင်း ဒေသကြီး ညွှန်ကြားရေးမှူးနှင့်အတူ ခရိုင်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ချောင်းဦးမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်နှင့် ကနီမြို့နယ်တို့မှ ဦးစီးမှူးများ၊ ထပ်ဆင့်လွှင့်စက်ရုံ မှူးနှင့် ဝန်ထမ်းများ၊ မုံရွာသတင်း ဌာနခွဲမှ ဝန်ထမ်းများ၊ ကိုယ်ပွား သတင်းစာတိုက် တာဝန်ခံနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဟုမ္မလင်းမြို့သို့ ရောက်ရှိပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံကို ဝင်ရောက်ကြည့်ရှုစစ်ဆေး ကာ ဝန်ထမ်းများအား တွေ့ဆုံ မှာကြားသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးကို ကြည့်ရှု စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ထပ်ဆင့်လွှင့်စက်ရုံ စက်ရုံမှူးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များ ဆွေးနွေး မှာကြားသည်။
ဒုတိယဝန်ကြီးက ဝန်ထမ်း များနှင့် တွေ့ဆုံရာတွင် ပြန်ကြား ခြင်း၊ အသိပေးခြင်းလုပ်ငန်းများကို အခက်အခဲများကြားမှ တတ်နိုင် သရွေ့ ကြိုးစားဆောင်ရွက်ကြ ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် ခြောက်ချက်နှင့်အညီ ဝန်ထမ်းကောင်းပီသစွာ ကျင့်ကြံ နေထိုင်ကြပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များကို ပြန်လည်ဆွေးနွေး ရှင်းလင်းခဲ့သည်။
ဒုတိယဝန်ကြီးသည် MRTV ရုပ်မြင် သံကြားလိုင်းများ ဖမ်းယူကြည့်ရှု နိုင်သည့် DVB T2 Set Top Box ၂၀ ကို ဟုမ္မလင်းတပ်နယ် မိသားစု အတွက် တပ်နယ်မှူးသို့ လည်း ကောင်း၊ ခရိုင်အတွင်း ဝန်ထမ်း မိသားစုများအတွက် အလုံး ၂၀ ကို ခရိုင်အုပ်ချုပ်ရေးမှူးသို့ လည်းကောင်း ပေးအပ်ခဲ့သည်။
သတင်းစဉ်