ကျောင်းသား ကျောင်းသူ ၄၀၀၀ ကျော်အား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံ

 

မြောင်းမြ   စက်တင်ဘာ  ၁၃


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၌  အသက် ၅ နှစ်မှ ၉ နှစ်အတွင်း ကျောင်းသား ကျောင်းသူ များအား ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ  ၁၀ ရက်မှစ၍ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။  

 


ထိုသို့  ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြောင်းမြမြို့နယ်အတွင်းရှိ   ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကျောင်းများသို့   သွားရောက်ထိုးနှံပေးလျက်ရှိကြောင်း   သိရသည်။  ဂျပန်ဦးနှောက်ရောင်ရောဂါသည်   သွေးလွန်တုပ်ကွေးကဲ့သို့  ခြင်မှတစ်ဆင့်  ကူးစက်တတ်သော   ဗိုင်းရပ်စ် ရောဂါ တစ်မျိုးဖြစ်ပြီး   ဦးနှောက်ရောင်ရမ်းမှုကို  ဖြစ်စေနိုင်ခြင်း၊  အသက်အန္တရာယ် စိုးရိမ်ရခြင်းတို့ကြောင့်   ဂျပန်ဦးနှောက်ရောင်ရောဂါကင်းဝေးစေရန်နှင့်  ကျောင်းသား ကျောင်းသူများ  ကျန်းမာစွာပညာသင်ကြား နိုင်စေရန်  ရည်ရွယ်၍  မြို့နယ်အတွင်းရှိ အသက် ၅ နှစ်မှ ၉ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ထိုးနှံပေးမည်ဖြစ်ပြီး ယနေ့တွင် ကျောင်းသား ကျောင်းသူ  ၄၂၇၀ ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။                                                                                                       
ခရိုင်(ပြန်/ဆက်)