ကျောင်းဖွင့်ချိန်အမီ ဘက်ထရီစက်ဘီးများ စျေးကွက်အတွင်း အရောင်းရတွင်ကျယ်လာ

ရန်ကုန်  မေ  ၁၅
ကျောင်းဖွင့်ချိန်အမီ ဘက်ထရီစက်ဘီးများ စျေးကွက် အတွင်း  အရောင်းရတွင်ကျယ်လာကြောင်း စျေးကွက် အတွင်း မေးမြန်းစုံစမ်းထားချက်များအရ သိရသည်။
ပြီးခဲ့သည့် လများအတွင်းက စက်ဘီးဈေးကွက် မှာ  ဝယ်အားရောင်းအားအေးခဲ့ပြီး မေလမှစတင်ကာ ရောင်းဝယ်အားကောင်းမွန်ခဲ့ရာ  ဘက်ထရီစက်ဘီး များ   ပိုမိုအရောင်းသွက်ခဲ့ခြင်းဖြစ်သည်။  
“ပြီးခဲ့တဲ့      လတွေတုန်းက    ရောင်းအားက တော်တော်ဆိုးတယ်။ ဒါပေမယ့်    မေလထဲဝင်တော့  အပေါင်းဘက်ကို   နည်းနည်းပြန်တက်လာတယ်။    ကျောင်းဖွင့်ရာသီ ပြန်ရောက်လာတာကြောင့်လား တော့ မပြောတတ်ဘူး။ ဒီလကတော့ အရောင်းအဝယ် ကောင်းတယ်။ မိုးတွင်းမှာ စက်ဘီးအရောင်းအဝယ် ကတော့ ပုံမှန်က အထိုက်အလျောက်တော့နှေးတယ်။ ဒါပေမယ့်  ပြီးခဲ့တဲ့နှစ် အနေအထားအရ   စျေးကွက် မလည်အောင်အထိ မဖြစ်ခဲ့ဖူးဘူး။ ပုံမှန်ထက်တော့ အေးခဲ့တယ်” ဟု JoeZ Bike   စက်ဘီးရောင်းဝယ်ရေး   ဆိုင်ပိုင်ရှင်က ဆိုသည်။
ဘက်ထရီစက်ဘီးများ ပိုမိုအဝယ်လိုက်လာခြင်းမှာ ဆိုင်ကယ်စီးခွင့် ကန့်သတ်မှုများကြောင့် ဖြစ်နိုင်ပြီး နှိုင်းယှဉ်ပါက သာမန်ရိုးရိုးစက်ဘီး ရောင်းအားကျနေ ခြင်းဖြစ်ကြောင်းလည်း   ၎င်းကဆိုသည်။  “စက်ဘီး ကပိုအစီးများတယ်။ ပတ်ဝန်းကျင်မှာလည်း ဘက်ထရီ ဘီးတွေများလာတာ    မြင်နေရတာပဲလေ။    သူက လူသက်သာတယ်။ ဆိုင်ကယ်ထက်  မမြန်ပေမယ့် ခရီးတွင်တယ်။   ကျွန်တော်တို့လည်း   စက်ဘီးကို ပိုသုံးဖြစ်တယ်။    ဘက်ထရီဘီးက    မော်တာရော၊ ခြေနင်းရောရတော့  အဆင်ပြေတယ်။ သိရသလောက် က စျေးကွက်က  နှစ်မျိုးရှိတယ်။ တစ်ပတ်ရစ်ရယ်၊ အသစ်ရယ်ပေါ့။   တချို့ကလည်း  တစ်ပတ်ရစ်ဝယ် တယ်။   တချို့ကလည်းအသစ်ဝယ်ပြီး    ကိုယ်တိုင် စိတ်ကြိုက်ပြန်ဆင်တယ်။ ကျွန်တော်လည်း အဲဒီလို ပြန်ဆင်ပြီးစီးတဲ့သူပါ”  ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ဘက်ထရီစက်ဘီးပိုင်ဆိုင်သူ ဦးမြင့်နိုင်က ဆိုသည်။ 
Thit Taw