ကျောင်းနေအရွယ်လူငယ်တိုင်း ပညာသင်ကြားနိုင်ရေး မိဘများ၊ ဆရာများနှင့် တာဝန်ရှိသူများအားလုံးက စီမံဆောင်ရွက်

 

နေပြည်တော် စက်တင်ဘာ ၇


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး   ဦးရဲတင့်သည်   ယမန်နေ့ က တောင်တွင်းကြီးမြို့နယ်နှင့် နတ်မောက်မြို့နယ် ပြန်ကြားရေး နှင့်    ပြည်သူ့ဆက်ဆံရေးမှူးရုံး တို့ကို ဝင်ရောက်ကြည့်ရှုစစ်ဆေး ပြီး   ဝန်ထမ်းများနှင့်   တွေ့ဆုံ သည်။

 


ထို့နောက်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး   ဦးစီးဌာန နတ်မောက်မြို့    လူထုအခြေပြု ဗဟိုဌာနကို   ကြည့်ရှုစစ်ဆေးပြီး မကွေးတိုင်းဒေသကြီး   ပညာရေး မှူး၊  တိုင်းဒေသကြီး   ပြန်/ဆက် ဦးစီးဌာန   ညွှန်ကြားရေးမှူးတို့ နှင့်အတူ လူထုအခြေပြုဗဟိုဌာန အတွင်း     ခင်းကျင်းပြသ      စီစဉ် ဆောင်ရွက်ထားမှုများကို ကြည့်ရှု ကာ      လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး        ပြိုင်ပွဲဝင်နေသည့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ  ဆရာမများအား    ကြည့်ရှု အားပေးခဲ့သည်။

 


ယင်းနောက်   ကွန်ပျူတာ ခန်းမတွင်    ဖွင့်လှစ်သင်ကြားပို့ချ နေသော ကွန်ပျူတာသင်တန်းကို ကြည့်ရှုအားပေးပြီး     ကလေး စာဖတ်ခန်းနှင့် စာကြည့်တိုက်တွင် လာရောက်စာဖတ်လေ့လာနေကြ သော     ကျောင်းသားလူငယ်များ အား    တွေ့ဆုံ၍     အသိပညာ ဗဟုသုတ       လေ့လာရှာဖွေရေး တိုက်တွန်းအားပေးခဲ့သည်။

 


နံနက်ပိုင်းက ဒုတိယဝန်ကြီး သည် အောင်လံမြို့  အမှတ်  (၁)အခြေခံပညာ       အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ဆရာမ ကြီး၊  ဆရာ    ဆရာမများနှင့် ကျောင်းသား  ကျောင်းသူများအား တွေ့ဆုံ၍ ပညာရေးနှင့်ပတ်သက် သည်များကို ဆွေးနွေးမှာကြားရာ အောင်လံခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်    တာဝန်ရှိသူများ၊      မြို့နယ်ပညာရေးမှူးတို့    တက် ရောက်ကြပြီး    ဒုတိယဝန်ကြီး က     ကျောင်းစာကြည့်တိုက်ကို ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများ    စာဖတ်နိုင်ရေး အားပေးဆောင်ရွက်ရန် မှာကြားခဲ့ သည်။

 


အလားတူ    မွန်းလွဲပိုင်းတွင် နတ်မောက်မြို့ အမှတ်(၁)အခြေခံ ပညာ    အထက်တန်းကျောင်း၌ တိုင်းဒေသကြီး     ပညာရေးမှူး ဦးသက်လေးဦး၊    ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး      ဦးမျိုးဇော်၊ မြို့နယ်        အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်  တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးတို့နှင့်အတူ ကျောင်းအုပ်ဆရာကြီးနှင့်  ဆရာ ဆရာမများ၊      ကျောင်းသား ကျောင်းသူများအား     တွေ့ဆုံ၍ အားပေးမှာကြားခဲ့သည်။

 


ဒုတိယဝန်ကြီးက  အောင်လံ မြို့ အ.ထ.က(၁)နှင့် နတ်မောက် မြို့ အ.ထ.က (၁)တို့တွင်  ကျောင်း စာကြည့်တိုက်များအတွက်   ပြန် ကြားရေးဝန်ကြီးဌာနက  လှူဒါန်း သည့်    စာအုပ်စာစောင်များကို လည်းကောင်း၊   ကျောင်းသား ကျောင်းသူများ        အားကစား လေ့ကျင့်နိုင်ရန်   အားကစားနှင့် လူငယ်ရေးရာ        ဝန်ကြီးဌာနမှ လက်ဆောင်ပေးသည့် ဘောလုံး၊ ဘော်လီဘော၊   ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းနှင့်   ကြက်တောင်ရိုက် အားကစားပစ္စည်းများကို  လည်း ကောင်း       လွှဲပြောင်းပေးအပ် သည်။

 


ဒုတိယဝန်ကြီးသည်   ဆရာ ဆရာမများ၊      ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံရာတွင် လူငယ်များသည် အနာဂတ်နိုင်ငံ တော်ကို လက်ဆင့်ကမ်းတာဝန် ယူကြမည်ဖြစ်၍   အတတ်ပညာ၊ အသိပညာ ပြည့်စုံကြွယ်ဝအောင် ကြိုးစားကြရန်လိုကြောင်း၊ နိုင်ငံ တော်အစိုးရက    ပညာရေးကို အလေးထား  မြှင့်တင်ပေးလျက် ရှိပြီး    နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံသား တိုင်း    အခြေခံပညာမူလတန်း အဆင့်  မသင်မနေရ   သတ်မှတ် ချက်ထက်   တိုးမြှင့်ပြီး   KG +9 အထိ    အားလုံးသင်ကြားတတ် မြောက်ရေး  ကြိုးစားဆောင်ရွက် ပေးကြစေလိုကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းထွက်မှု များပြားလာပြီး    အဆင့်အလိုက် ပညာသင်ကြားသည့်          အရေ အတွက်    နည်းပါးလာနေသည့် ပညာရေးယိုပေါက်     မရှိအောင် ကျောင်းနေအရွယ်    လူငယ်တိုင်း ကျောင်းနေပညာသင်ကြားနိုင်ရေး မိဘများ၊ ဆရာများနှင့် တာဝန်ရှိ သူများအားလုံးက စီမံဆောင်ရွက် ပေးကြရန်  လိုအပ်ကြောင်း၊  နိုင်ငံ တော်   ဝန်ကြီးချုပ်    လမ်းညွှန် မှာကြားသည့်အတိုင်း စာတတ်ရုံ၊ အတန်းအောင်ရုံသာမက   ဗဟု သုတ၊ အသိဉာဏ်၊ အတွေးအခေါ်၊ အယူအဆ မြင့်မားမှန်ကန်သည့် ဗလငါးတန်နှင့်     ပြည့်ဝသော လူငယ်များဖြစ်အောင် ဝိုင်းဝန်း ကြိုးပမ်းကြရန်နှင့် ပညာတတ်သူ၊ စိတ်ဓာတ်စည်းကမ်း  ကောင်းမွန် သူများဖြင့်သာ   နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊    စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့်    နိုင်ငံ တော်အတွက်  အားကိုးအားထား ပြုနိုင်မည့်    ဘက်စုံထူးချွန်သော လူငယ်များဖြစ်အောင် သင်ကြား သင်ယူနိုင်ကြရန်     တိုက်တွန်း ဆွေးနွေးမှာကြားခဲ့သည်။ 


မြို့နယ်(ပြန်/ဆက်)