ကျောင်းနေအရွယ်ကလေးများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးရန် လာအိုကျန်းမာရေးဝန်ကြီးဌာန ပြင်ဆင်

 

ဗီယန်ကျင်း အောက်တိုဘာ ၆ 


လာအိုကျန်းမာရေးဌာနက ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးရန် အသက် ၁၂   နှစ်မှ   ၁၇   နှစ်အရွယ်ရှိ ကျောင်းနေအရွယ် ကလေးအရေ အတွက်ကို    စိစစ်အကဲဖြတ်ရန် နိုင်ငံတစ်ဝန်းရှိ   ပညာရေးနှင့် အားကစားအရာရှိများကို ဒေသ ဆိုင်ရာ    အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်    တိုက် တွန်း ပြောကြားလိုက်သည်။


ကျောင်းများ   ပိတ်ထားစဉ် ထောက်ခံ          အားပေးခဲ့သော အွန်လိုင်း        သင်ကြားရေးတွင် ပြဿနာအတော်များများ ရင်ဆိုင် ကြုံတွေ့ပြီးနောက်   ကျောင်းနေ အရွယ်    ကလေးများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ပညာရေး    အာဏာပိုင်များက အကြံပြုခဲ့ကြောင်း      ဗီယန်ကျင်း တိုင်းမ်       နေ့စဉ်သတင်းတွင် အောက်တိုဘာ  ၆  ရက်က ဖော်ပြ ခဲ့သည်။


အင်တာနက်   အသုံးပြုနိုင်မှု တွင်  လစ်ဟာမှုများရှိနေခြင်းနှင့် တချို့ဒေသများတွင်   စိတ်မချရ ခြင်းများ  ကြုံတွေ့ရခြင်းကြောင့် မိသားစု        အတော်များများ အွန်လိုင်းသင်ကြားရေးကို ကလေး များအတွက်    မဖြည့်ဆည်းပေး နိုင်ခဲ့ကြောင်း သိရသည်။


လုံလောက်သည့်   ကလေး အရေအတွက်   အတော်များများ ကိုသာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့မည်ဆိုပါက ကျောင်း များ      လုံခြုံစိတ်ချရမည်ဖြစ်ပြီး ပြန်လည်ဖွင့်လှစ်   ခွင့်ပြုမည်ဖြစ် သည်။


အောက်တိုဘာ    ၄   ရက်က ပြုလုပ်ခဲ့သော       သတင်းစာ ရှင်းလင်းပွဲတွင်     ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ    ကူးစက် ရောဂါ          ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ရက်တန် နက်ဆေးဖက်ဆိုဗန်က ပညာရေး ဝန်ကြီးဌာနသည်        ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုခံစားနေရသောကျောင်းသားများနှင့်   အိမ်တွင် အွန်လိုင်းသင်ကြားရန် ကြိုးစား နေသည့်    ကျောင်းသားများ အကြောင်း       သတင်းအချက် အလက်များ        ကောက်ယူရန် တခြားသော     ဝန်ကြီးဌာနများ နှင့်    ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ပြောကြားလိုက်သည်။


“ကျောင်းတွေပြန်ဖွင့်ဖို့ဆိုတာ ကျောင်းသား   အရေအတွက် ဘယ်လောက်           များများကို ကာကွယ်ဆေး   ထိုးပေးပြီးပြီလဲ ဆိုတဲ့အပေါ် မူတည်နေတာဖြစ်တဲ့ အတွက်  ဘယ်အချိန်မှာ ကျောင်း တွေ ပြန်ဖွင့်မလဲဆိုတာ ကျွန်တော် တို့              မပြောနိုင်သေးဘူး”ဟု ရက်တန်နက်ဆေးဖက်ဆိုဗန်ကပြောကြားလိုက်သည်။
သို့သော်လည်း ကလေးများ သင်ရိုးညွှန်းတမ်းများကို  မလိုက် နိုင်မှာ စိုးရိမ်သည့်အတွက် အစိုးရ သည်     အွန်လိုင်းသင်ကြားရေး အတွေ့အကြုံအခက်အခဲများပေါ် မူတည်ပြီး    ကျောင်းများကို ပြန်လည်ဖွင့်လှစ်     ခွင့်ပြုရေးကို စဉ်းစား   ဆုံးဖြတ်သွားမည်ဖြစ် သည်။                            

 ဆင်ဟွာ