ကျောင်းများပြန်လည်ဖွင့်လှစ်ရာ၌ ရောဂါကူးစက်ခံရမှုအန္တရာယ်မှ ဘေးကင်းလုံခြုံစွာဖြင့် ဖွင့်လှစ်နိုင်ရန်လိုအပ် Sinovac ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ နေပြည်တော်တွင် ကနဦးစီမံချက်အဖြစ် စတင်ထိုးနှံပေးမည်

 

နေပြည်တော်   အောက်တိုဘာ   ၁


ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများ မှ ကျောင်းသား၊ ကျောင်းသူများ၏ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးနှံရန်အတွက် ညှိနှိုင်းအစည်းအဝေး ကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင်   ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြည်ထောင်စု နယ်မြေ   နေပြည်တော်ရှိ    အခြေခံပညာအလယ် တန်းကျောင်းနှင့်     အထက်တန်းကျောင်းများမှ ကျောင်းသား၊  ကျောင်းသူများ   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး တက်ရောက်လာသည့် သက်ဆိုင်ရာ ဌာနအသီးသီးမှ       ဆွေးနွေးပြောကြားပေးကြရန်  ဖြစ်ပါကြောင်း၊   ကိုဗစ်-၁၉ ရောဂါ   ဖြစ်ပွားနေစဉ် ကာလတွင် ရောဂါကူးစက်ဖြစ်ပွားမှုများကို လျှော့ချ နိုင်ရေးအတွက် ကျောင်းများကိုလည်း ပိတ်ထားခဲ့ရ ပါကြောင်း၊  ကျောင်းများပိတ်ထားရသည်နှင့်အတူ  ကျောင်းသားအရွယ်   ကလေးငယ်များ၏   ပညာ သင်ကြားခွင့်များလည်း ဆုံးရှုံးနေရပါကြောင်း၊ မိမိတို့ နိုင်ငံတွင် အသက် ၅၅ နှစ်နှင့်အထက် မိဘပြည်သူများ အပါအဝင် ဦးစားပေးအုပ်စုများအား  ဦးစားပေးအစီ အစဉ်အလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလ တွင်   ကျောင်းများပြန်လည်ဖွင့်လှစ်ရာ၌   ရောဂါ ကူးစက်ခံရမှုအန္တရာယ်မှ    ဘေးကင်းလုံခြုံစွာဖြင့်  ဖွင့်လှစ်နိုင်ရန်လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက် နိုင်ရေးအတွက် အသက် ၁၂ နှစ်မှ  ၁၈ နှစ်အကြားရှိ  အခြေခံပညာကျောင်းသားများကို Sinovac ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ နေပြည်တော်တွင် ကနဦးစီမံချက်အဖြစ်     စတင်ထိုးနှံပေးမည်ဖြစ်ပါ ကြောင်း။  


နိုင်ငံတကာတွင်လည်း  မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကလေးငယ်များကို  ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည့် နိုင်ငံများ ရှိနေပြီဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် WHO ၏ အရေးပေါ်အသုံးပြုခွင့် စာရင်း (Emergency Use List) တွင် ပါဝင်သည့် Covishield, Sinovac,   Sinopharm   သုံးမျိုးကို လတ်တလောထိုးနှံလျက်ရှိသည့်အနက် ကလေးငယ် များတွင် ဘေးကင်းလုံခြုံစိတ်ချစွာ အသုံးပြုနိုင်သည့်  Sinovac ကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်  ပါကြောင်း၊ Sinovac ကာကွယ်ဆေးများကို အခြေခံ ပညာကျောင်းများတွင် ကျောင်းတက်ရောက်မည့်  ကျောင်းသားဦးရေအရ   အဆင့်လိုက်  ရရှိနိုင်ရေး အတွက်   ကြိုတင်စီစဉ်ထားရှိပြီး   တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ   ထပ်မံ၍လှူဒါန်းသည့်   Sinovac ကာကွယ်ဆေး နှစ်သန်းသည်လည်း မကြာမီထပ်မံ ရောက်ရှိလာမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာ မြတ်ဝဏ္ဏစိုးက စက်တင်ဘာ ၃၀ ရက်တွင်ပြုလုပ်သည့်  ကိုဗစ်-၁၉ ရောဂါထိန်းချုပ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး လမ်းညွှန်မှုများအရ နေပြည်တော် အတွင်း Pilot Project အနေဖြင့် အသက် ၁၂ နှစ်မှ ၁၈ နှစ်အကြား အခြေခံပညာကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံတွင်  နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ကိုဗစ်-၁၉  ကာကွယ်ဆေးဝယ်ယူမှုမှ ကာကွယ်ဆေး ၁၄ သန်း၊ မိတ်ဆွေနိုင်ငံများမှ လှူဒါန်းသည့် ကာကွယ်ဆေး ငါးသန်းအပါအဝင်    စုစုပေါင်း    ကာကွယ်ဆေး ၁၉ ဒသမ ၆ သန်း ရောက်ရှိပြီး ကာကွယ်ဆေးထိုးနှံမှု များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နေ့စဉ်  ၂ ဒသမ ၅ သိန်းနှင့် သုံးသိန်း ကြိမ်ရေအထိ ထိုးနှံပေး လျက်ရှိပါကြောင်း တင်ပြသည်။ 


ထို့နောက်    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့်   ကျန်းမာရေးဝန်ကြီး ဌာန   ဒုတိယညွှန်ကြားရေးမှူးချုပ် (မကူးစက်)  က ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်ကို ရှင်းလင်းတင်ပြခြင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)   သတင်းနှင့်   နည်းပညာဌာန ဌာနမှူးက ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအတွက်   ကာကွယ်ဆေး ထိုးနှံခြင်းစီမံခန့်ခွဲမှု   သတင်းအချက်အလက်စနစ် (Vaccine Management Information System- VMIS) တွင် စာရင်းရေးသွင်းခြင်းကို ရှင်းလင်းတင်ပြ ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသူ  ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက       သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရ သည်။                                              

သတင်းစဉ်