
ကျောင်းကုန်း အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး ကျောင်း ကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝင်း အတွင်းရှိ အောက်ဆီဂျင်စက်ကို ယနေ့နံနက်တွင် စတင် လည်ပတ်၍ အောက်ဆီဂျင်များ စတင်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်ထုတ် စက်သည် တရုတ်နိုင်ငံထုတ်ဖြစ် ပြီး အောက်ဆီဂျင်စက်၏ တန်ဖိုး မှာ ငွေကျပ်သိန်း ၈၅၀ ခန့်ဖြစ်ကာ မြို့နယ်အတွင်းရှိ အများပြည်သူ များ၏ စုပေါင်းလှူဒါန်းငွေ ဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း၊ တစ်နာရီလျှင် လီတာ ၄၀ အောက်ဆီဂျင်အိုး လေးလုံး ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တစ်နေ့ လျှင် လီတာ ၄၀ အိုး အလုံး ၈၀ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ အောက်ဆီဂျင်စက် ဖြစ်မြောက် ရေးအကျိုးဆောင် ဦးဇော်လွင်ဦး က ပြောသည်။
အောက်ဆီဂျင်စက် စတင် လည်ပတ်ထုတ်လုပ်မှုကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုကြပြီး စက်ရုံ မှ အောက်ဆီဂျင်ထုတ်လုပ်နိုင်မှု ကြောင့် ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံ၊ ဒေါင့်ကြီးတိုက် နယ်ဆေးရုံနှင့် ဝက်ချောင်း တိုက်နယ်ဆေးရုံတို့မှ အောက်ဆီ ဂျင် လိုအပ်နေသော လူနာများ အပြင် အခြားမြို့နယ်များမှ လူနာ များ အတွက်ပါ တစ်ဖက်တစ်လမ်း မှ ကူညီပေးနိုင်တော့မည်ဖြစ် ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)