ကျောင်းကုန်းမြို့၌ ဆန်နှင့်စားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

 

ကျောင်းကုန်း   စက်တင်ဘာ  ၆


ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်   စီမံအုပ်ချုပ်ရေးအဖွဲ့၏  စီစဉ်ကြီးကြပ်မှုဖြင့် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၈ နာရီခန့်က ဆန်နှင့်စားသောက်ကုန်များကို ဈေးနှုန်းသက်သာ စွာဖြင့် ရောင်းချပေးလျက်ရှိသည်။

 


မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တို့က ကြက်ဥခုနစ်လုံးကို  ငွေကျပ် ၁၀၀၀ ၊      ဆား  ၅၀  သားကို   ငွေကျပ် ၁၀၀၊   ဆန်တစ်ပြည်ကို ငွေကျပ်  ၁၅၀၀ တို့ဖြင့်   ဈေးနှုန်းသက်သာစွာ  ရောင်းချပေးပြီး ကန်စွန်းရွက်၊ ပဲသီးနှင့် ချဉ်ပေါင်ရွက်တို့ကို အခမဲ့ပေးလှူခဲ့ကြကြောင်း   သိရသည်။                      

ဝင်းကြိုင်(ပြန်/ဆက်)