ကျောင်းဂုဏ်ဆောင်ချင်တယ်၊ လူမျိုးဂုဏ်ဆောင်ချင်တယ်၊ ဒါကြောင့် ကြိုးစားပြီး ယှဉ်ပြိုင်ခဲ့တာပါ

 

မဇော်မဆီး (ဒုတိယဆု၊ ကချင်)
မဟာဂီတအဆိုပြိုင်ပွဲ
အခြေခံပညာ (၁၅-၂၀) မဟာဂီတ သီချင်း အဆိုပြိုင်ပွဲမှာ    ဒုတိယဆုရရှိခဲ့တာပါ။ တိုင်းရင်းသားတစ်ယောက်အနေနဲ့ မဟာ ဂီတအဆိုပြိုင်ပွဲမှာ ဆုရရှိခဲ့တော့  ဝမ်းသာ ပါတယ်။    အရင်ကတော့    သီချင်းတွေ ဆိုပေမယ့် ဒီလိုသီချင်းကြီးတွေကို ဆိုဖြစ် မယ်လို့တောင်မထင်ဘူး။ ဒါပေမယ့် အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲမှာ  ဝင်ပြိုင် ဖြစ်တာက  ကျောင်းဂုဏ်ဆောင်ချင်တယ်၊ လူမျိုးဂုဏ်ဆောင်ချင်တယ်၊    ဒါကြောင့် ကြိုးစားပြီး ယှဉ်ပြိုင်ခဲ့တာပါ။ တကယ် တော့ ဒီအခုပြိုင်ပွဲဟာ  မျိုးဆက်သစ်တွေ အတွက် အလွန်ကိုကောင်းတဲ့  ပြိုင်ပွဲကြီး တစ်ခုပါ။ မဟာဂီတကို   သိပ်ပြီးမဆိုနိုင် ကြဘူး။   လီဆူတိုင်းရင်းသူတစ်ယောက် အနေနဲ့     မဟာဂီတသီချင်းကြီးတွေကို အခုလို ဆိုပြတဲ့အချိန်မှာ   သူတို့ဆိုနိုင်ပါ လားဆိုတာ        အံ့ဩသွားကြတယ်။   ဒါကြောင့်     လူငယ်တွေအနေနဲ့လည်း ကြိုးစားပြီး ဝင်ပြိုင်ကြပါ။
ဦးဟိန်းရာဇာ (ပထမဆု၊  ကရင်)
ကွက်စိပ်၊ မင်းသားအက၊ မင်းသမီး
အကပံ့ပိုးဆိုင်း
ကရင်ပြည်နယ်ကိုယ်စားပြု ကွက်စိပ် ဇာတ်ပို့ဆိုင်းပထမဆု၊    မင်းသားအက ဒုတိယဆုနဲ့    မင်းသမီးအက တတိယဆု ပံ့ပိုးဆိုင်းအနေနဲ့ ဆုတံဆိပ်သုံးဆု  ရရှိပါ တယ်။ အရင်ကတော့  ကျင်းပတဲ့  အဆို၊ အက၊  အရေး၊  အတီးပြိုင်ပွဲ  သုံးကြိမ် မြောက်ကနေစပြိုင်တာ     ဆိုင်းပညာနဲ့ ရွှေတံဆိပ်ဆု  ၂၄  ဆု   ဆွတ်ခူးရရှိထား ပါတယ်။   ပြိုင်ပွဲတွေမှာ  စုစုပေါင်း ရွှေ ၂၅ ဆု၊ ငွေနဲ့ ကြေးတံဆိပ်ဆု   အားလုံး ပေါင်း ၅၀ ကျော်ပါပြီ။  ဒီနှစ်ပြိုင်ပွဲမှာတော့ လူငယ်မျိုးဆက်သစ်တွေ     အများကြီး ပါလာတယ်။     တော်တော်ကောင်းတာ လည်း  တွေ့ရတယ်။  လူငယ်မျိုးဆက်တွေ အင်မတန်တော်ကြပါတယ်။   ဆိုင်းပညာ ကို    လူငယ်လေးတွေက   ပြန်ပြီးတော့ ထိန်းသိမ်းတဲ့အတွက်     ကျောင်းသား ကျောင်းသူ   အားလုံးကို  ကျေးဇူးလည်း တင်တယ်။ ဂုဏ်လည်းယူတယ်။ ဒီကလေး တွေ ကျိန်းသေပေါက်  ကျွန်တော်တို့ထက် ပိုတော်မှာပါ။ 
မဝေဝေထွန်း (ပထမဆု၊ ရန်ကုန်)
အဆင့်မြင့်ပညာအဆင့် 
မယ်ဒလင်အတီးပြိုင်ပွဲ
မျှော်မှန်းထားတဲ့ဆုကို  ရတဲ့အတွက် အလွန်ပဲပျော်ပါတယ်။      မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲမှာ       ရှေးတူရိယာတစ်ခုဖြစ်တဲ့ မယ်ဒလင်အတီးပညာကို     ဆရာ့ဆီက အမွေဆက်ခံပြီး    ပြိုင်ပွဲမှာ    ဆုရတဲ့ အတွက်  ဝမ်းသာပါတယ်။ နောက်ထပ် ပြိုင်မယ့်သူတွေအနေနဲ့    ဒီလိုပြိုင်မယ် ဆိုရင် ကိုယ်တိုင်ကြိုးစားရတယ်။ အချို့ က အစပဲလုပ်တယ် နောက်ပိုင်းအဖျားရှူး သွားတာမျိုးမဖြစ်စေဘဲ  သေချာစိတ်ဝင် တစား   လေ့ကျင့်ဖို့လိုပါတယ်။   အခုလို ပြိုင်ပွဲကြီးတွေ ကျင်းပပေးတာ    အလွန် ကောင်းပါတယ်။  ပြိုင်ပွဲတွေ  နားထားတဲ့ ငါးနှစ်အတွင်းမှာ လုပ်နေကြတယ်ဆိုပေမယ့်   ပြိုင်ပွဲမဟုတ်တဲ့အတွက်            သိပ်ပြီး အားမထည့်ဘူး   သာမန်ပဲ။    ဒါပေမယ့် အခုလိုပြိုင်ပွဲကြီးမှာဆိုတော့ အပြိုင်အဆိုင် တွေ ရှိတဲ့အတွက် ပိုပြီးအားသွန်ခွန်စိုက် လုပ်ရတယ်။  ဗဟုသုတနဲ့  အတွေ့အကြုံ လည်း အများကြီး ရပါတယ်။
မအေးမြတ်မွန် (ဒုတိယဆု၊ ကယား)
ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲ
အဆင့်မြင့်ပညာ     (ခေတ်ဟောင်း ကာလပေါ်) အဆိုပြိုင်ပွဲမှာ  ခင်မွန်ရွာသူ သီချင်းနဲ့    ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ ဒုတိယဆုရရှိပါတယ်။ ဒီပြိုင်ပွဲကို ဝင်ပြိုင် ဖြစ်တာက  ငယ်ငယ်ကတည်းက သမီးရဲ့ အစ်မဖြစ်သူက ကျောင်းကိုယ်စားပြု အဆို၊ အက၊ အရေး၊  အတီးပြိုင်ပွဲကို   ဝင်ပြိုင်ဖို့ အတွက်       လေ့ကျင့်နေတာကိုတွေ့ပြီး ဝါသနာပါသွားတာပါ။     အဲဒီနောက်ပိုင်း နှစ်တွေကတည်းက  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို  ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ တာပါ။   ပြီးခဲ့တဲ့နှစ်ကလည်း  ပြိုင်ခဲ့ဖူး ပေမယ့်       ဆုမရခဲ့ပါဘူး။     သမီးတို့အနေနဲ့ ယဉ်ကျေးမှုတွေကို    ဆက်လက်မြှင့်တင် ထိန်းသိမ်းနိုင်တဲ့အတွက်  ဝမ်းသာဂုဏ်ယူ တယ်။    ဒီလိုပွဲမျိုးတွေကို    ဆက်တိုက် လုပ်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။
ဦးလွင်အောင် (ပထမဆု၊ ရန်ကုန်)
ခေတ်ဟောင်းကာလပေါ်အဆိုပြိုင်ပွဲ
ဝါသနာရှင်   (ဒုတိယတန်း)   ခေတ် ဟောင်းကာလပေါ်အဆိုပြိုင်ပွဲမှာ ပထမ ဆု (ရွှေတံဆိပ်)ရရှိပါတယ်။  ဆရာသမား တွေရဲ့ ဂုဏ်ကျေးဇူးနဲ့  ကိုယ်တိုင်ကြိုးစား မှုနဲ့    ဒီဆုကို   ရတာပါ။     ကျွန်တော် ကိုယ်တိုင်က  အနုပညာအလုပ်လုပ်တယ်။ မြန်မာ့ဂီတအတွက်  တတ်နိုင်တဲ့ဘက်က အမြဲတမ်းလုပ်သွားမှာပါ။           လူငယ် တော်တော်များများ မြန်မာသံကို  ကြိုက် ကြပါတယ်။ တကယ်လည်း  ချစ်ပါတယ်။ ကောင်းကောင်းဆိုရင်    ကောင်းကောင်း နားထောင်ပါတယ်။   များများနားထောင် ပေးပါ။         ရင်ထဲရောက်ပါလိမ့်မယ်။ ဂီတသာမှ   လူမျိုးသာမှာပါ။    အခုလို အနုပညာနဲ့ မြန်မာ့ဂီတကို နိုင်ငံတော်က မြှင့်တင်ပေးနေတာ  ကျေးဇူးတင်ပါတယ်။  မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နောက်နှစ်မှာကျရောက်မယ့် ငွေရတုမှသည်     ရတုအဆက်ဆက် နောင်နှစ်ပေါင်းများစွာအထိ    ကျင်းပနိုင် ပါစေ။ 
မဆောင်းလင်းနွယ် (ပထမဆု၊ ရှမ်း)
အခြေခံပညာ(၁၀-၁၅)အဆင့် အကပြိုင်ပွဲ
အခြေခံပညာအသက်     (၁၀-၁၅)အဆင့်   အကပြိုင်ပွဲမှာ   ရှမ်းပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့ ပထမဆုကို ရှိပါတယ်။  ပြီးခဲ့တဲ့နှစ်တုန်း ကလည်း  ဝင်ပြိုင်ခဲ့ပြီးတော့ တတိယဆု ရရှိခဲ့ပါတယ်။ ဟိုး ရှေးယခင်ကတည်းက ထိန်းသိမ်းလာခဲ့တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို   အခုလိုပြိုင်ပွဲကြီး မှာ   သမီးတို့လို   မျိုးဆက်သစ်တွေနဲ့ ကျောင်းသား   ကျောင်းသူတွေအနေနဲ့ ဂုဏ်ယူစွာ         ပါဝင်ယှဉ်ပြိုင်ခွင့်ရတာ တော်တော်လေးကံကောင်းလို့ပါ။ အဆို၊ အက၊  အရေး၊  အတီး    ပြိုင်ပွဲကြီးဟာ သမီးအမြင်ကတော့  တော်တော်လေးကို ကောင်းတယ်။     လူငယ်တွေအကကို ဘယ်လို  ကရမယ်။     ဘယ်လို  ဆိုရမယ်။ ဘယ်လိုတီးရမယ်ဆိုတာ  နားလည်သိရှိ လာစေတဲ့အတွက်     နိုင်ငံတော်အနေနဲ့ ဒီပြိုင်ပွဲကျင်းပပေးတာကို     လေးစား ဂုဏ်ယူပါတယ်။  သမီးကို ဒီဆုရရှိအောင် သင်ကြားပေးခဲ့တဲ့  ဆရာမနဲ့ နောက်ကနေ ပံ့ပိုးပေးခဲ့တဲ့ မိဘနှစ်ပါးကိုလည်း ကျေးဇူး တင်ပါတယ်။
မောင်ရဲသူအောင်(ပထမဆု၊ တတိယဆု၊ စစ်ကိုင်း) မဟာဂီတနှင့် ခေတ်ဟောင်း 
ကာလပေါ်အဆိုပြိုင်ပွဲ
အခြေခံပညာ    အသက်  (၁၀-၁၅)အဆင့် မဟာဂီတအဆိုပြိုင်ပွဲမှာ ဇေယျာ အောင်သံ  (ပတ်ပျိုး)  သီချင်းနဲ့    သီဆို ယှဉ်ပြိုင်ပြီးတော့   ပထမဆုရရှိပါတယ်။ အခြေခံပညာ  အသက် (၁၀-၁၅)အဆင့် ခေတ်ဟောင်းကာလပေါ် တေးသီချင်း အဆိုပြိုင်ပွဲမှာ  “အရွယ်သုံးပါး”သီချင်းနဲ့ တတိယဆုရရှိပါတယ်။ အရင်နှစ် (၂၃)ကြိမ် မြောက်ပြိုင်ပွဲမှာတော့ မဟာဂီတ  အဆို ပြိုင်ပွဲမှာ      တတိယဆုရရှိခဲ့ပါတယ်။ ဒီသီချင်းတွေကို      နှစ်လကျော်ကျော် လောက် လေ့ကျင့်သင်ကြားပြီး ရွှေတံဆိပ် ဆု   ဆွတ်ခူးနိုင်တဲ့အတွက်   ဝမ်းသာပါ တယ်။ 
မောင်နောနော်အောင် (ပထမဆု၊ 
မန္တလေး) မဟာဂီတအဆိုပြိုင်ပွဲ
အခြေခံပညာ  အသက် (၁၀-၁၅)အဆင့် မဟာဂီတအဆိုပြိုင်ပွဲမှာ ဇေယျာ အောင်သံ(ပတ်ပျိုး)   သီချင်းနဲ့    ပထမဆု ရရှိပါတယ်။  ဒီဆုကို ရတဲ့အတွက် အတိုင်း မသိ   ဝမ်းသာပါတယ်။     ဆရာမတွေ သင်ကြားပေးတဲ့ အချိန်ကစပြီး  မဟာဂီတ ကို    စိတ်ဝင်စားပါတယ်။   အခုလိုပြိုင်ပွဲ အတွက်  ကြိုတင်ပြင်ဆင်ရမယ်ဆိုရင် အသံမဝင်အောင်လုပ်ရမယ်၊ အသံချိုသာ အောင်လုပ်ရမယ်၊     ဆိုပေါက်လှအောင် ဆိုရမယ်၊  ရှေးမူမပျက်ဆိုရမယ်။    ဒီလို ရွှေတံဆိပ်ဆုရရှိအောင်      သင်ကြားပေးတဲ့ မန္တလေးကဆရာမကြီး ဒေါ်အေးအေးသင်း၊ ဒေါ်ခင်ခင်ငြိမ်း၊   ဒေါ်ဝါဝါရွှေနဲ့   ပံ့ပိုးပေး တဲ့သူတွေအားလုံးကို    ကျေးဇူးတင်ပါ တယ်။ 
မောင်မျိုးကို (ဒုတိယဆု၊ ရန်ကုန်)
ဝါသနာရှင် (ဒုတိယတန်း) 
စောင်းအတီးပြိုင်ပွဲ
ဝါသနာရှင် (ဒုတိယတန်း)  စောင်း အတီးပြိုင်ပွဲမှာ  ဆဒ္ဒန်အိုင်သာ(သီချင်းခံ)နဲ့   တီးခတ်ယှဉ်ပြိုင်ပြီး  ဒုတိယဆု  ရရှိပါ တယ်။  ဒီသီချင်းကို   အမြဲတမ်းလေ့ကျင့် ဖြစ်တယ်။  ဗဟိုအဆင့်ပြိုင်ပွဲရောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။  ဒီပြိုင်ပွဲမှာ ဒုတိယ ဆုရတာ  ကံကောင်းတာပါ။  နောက်ထပ် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု ဆိုင်း အဖွဲ့လိုက်(အတီး)ပြိုင်ပွဲမှာတော့ ရွှေတံဆိပ် ဆုရရှိပါတယ်။         ဆိုင်းအဖွဲ့လိုက်မှာ ကျွန်တော်က မောင်းတီးပါတယ်။ ပြီးခဲ့တဲ့ နှစ် စောင်းတီးပြိုင်ပွဲမှာလည်း   ရွှေတံဆိပ် ဆု ရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာ  ဆုရရှိအောင် စောင်းပညာကို   သင်ကြားပေးခဲ့တဲ့ ဆရာ တွေကိုလည်း        ကျေးဇူးတင်ပါတယ်။ ဒီပြိုင်ပွဲကြီးကို ဦးဆောင်ပြီး ကျင်းပပေးတဲ့ နိုင်ငံတော်အစိုးရနဲ့    တာဝန်ရှိသူတွေကို လည်း ကျေးဇူးတင်ပါတယ်။ 
တွေ့ဆုံမေးမြန်း - ဇင်ဦး၊ ဟိန်းထက်ဇော်
ဓာတ်ပုံ - ဟိန်းဇင်