ကြော်ငြာဘုတ်များတွင် ကြော်ငြာများတပ်ဆင်နိုင်

 

 

ရန်ကုန်   အောက်တိုဘာ    ၄


စီးပွားရေးကြော်ငြာလုပ်ငန်းရှင်များအနေဖြင့်  ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိမြို့နယ်များတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက  စိုက်ထူထားရှိသည့် ၄၅'x၁၅'ကြော်ငြာဘုတ်ကြီးများတွင် ကြော်ငြာတပ်ဆင်လိုပါက  ရန်ကုန်မြို့တော်  စည်ပင်သာယာရေးကော်မတီ၊   စီမံရေးရာဌာနသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများသို့လည်းကောင်း ဆက်သွယ် လျှောက်ထား၍ ကြော်ငြာမည့်ကာလအတွက် အခွန်ငွေများပေးသွင်းပြီး တစ်ပါတည်း  ကြော်ငြာနိုင်ပါကြောင်းသိရသည်။
အလားတူ ပုဂ္ဂလိကပိုင် အိမ်၊ အဆောက်အဦ၊ ခြံဝန်းများနှင့် ဌာနဆိုင်ရာမြေ၊ နေရာများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ခွင့်ပြုချက်ဖြင့် စီးပွားရေးကြော်ငြာများ တပ်ဆင်ကြော်ငြာပါက     တည်ဆဲရန်ကုန်မြို့တော်စည်ပင်သာယာရေး   ဥပဒေအရ သက်ဆိုင်ရာမြို့နယ်  စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍  အခွန် ပေးသွင်းပြီး ခွင့်ပြုချက်ရယူတပ်ဆင်ကြော်ငြာနိုင်သည်။
၂၀၂၁ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ယခုတပ်ဆင်ထားရှိပြီးသော စီးပွားရေး ကြော်ငြာများအနေဖြင့်လည်း သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ အခွန်များပေးသွင်းကြရန်နှင့် ဆက်လက်ကြော်ငြာလိုခြင်းမရှိ ပါက ကြော်ငြာဗီနိုင်း (သို့မဟုတ်) “ကြော်ငြာဖော်ပြချက်” အား မိမိတို့အစီအစဉ်ဖြင့် ဖြုတ်သိမ်းပေးကြရန် မေတ္တာရပ်ခံထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
သတင်းစဉ်