ကော့မှူးတွင် ပိုးတွေ့လူနာများထားရှိရေး ယာယီဆေးရုံများ ပြင်ဆင်ဆောင်ရွက်

 

ကော့မှူး   ဇူလိုင်   ၈


ရန်ကုန်တောင်ပိုင်းခရိုင်  ကော့မှူး မြို့နယ်တွင်      ပိုးတွေ့လူနာများ ထားရှိ     ကုသနိုင်ရေးအတွက် ယာယီဆေးရုံများအဖြစ် ကြိုတင် ပြင်ဆင်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်က    မြို့နယ်  ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ကော့မှူးမြို့နယ်တွင် ပိုးတွေ့ လူနာများ    ထားရှိရန်အတွက် မြို့ကုန်းကျေးရွာ    လင်းလွန်း တစ်ထောင်    ကျောင်းတိုက်တွင် ၅၆ ဦး၊        ဘုရားလမ်းရပ်ကွက် တောရကျောင်းတိုက်တွင်  ၃၂ ဦး၊ အဖျောက်ကျေးရွာအုပ်စု ‌ဇီးကုန်း ကျေးရွာရှိ  မြနန်းနွယ်ကျောင်း တိုက်တွင် ၁၀ ဦး၊  ပိန္နဲကုန်းကျေးရွာ အုပ်စုရှိ ဘာသာလူမှုကုသိုလ်ဌာန တွင်  ၁၆  ဦး ၊    ကျိုက်‌ထော်ကျေးရွာ ကျိုက်ထော်ဆေးရုံတွင်   လေးဦး၊ စုစုပေါင်း ၁၁၈ ဦး ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီး ဖြစ် ကြောင်း  သိရသည်။
အဆိုပါ   ပိုးတွေ့လူနာများ ထားရှိရန်နေရာများသို့       မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌ ဦးကျော်ဒေဝ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့    အဖွဲ့ဝင်   ဗိုလ်မှူး ထွန်းဇော်မင်းနှင့်       အဖွဲ့ဝင် ဦးဝင်းမြင့်၊     ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ           မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်ကျော်စိုးတို့က ကွင်းဆင်း ကြည့်ရှုစစ်ဆေးပြီး    လိုအပ်သည် များကို       မှာကြားကြောင်း သိရသည်။


ကော့မှူးမြို့နယ်   အတွင်းရှိ ပြည်သူများအနေဖြင့်   ကိုဗစ်-၁၉ ရောဂါသံသယလူနာများ တွေ့ရှိ ပါကသက်ဆိုင်ရာ   အုပ်ချုပ်ရေး မှူးအဖွဲ့များ၊    ကျန်းမာရေးဌာန များသို့ သတင်းပေးပို့ကြရန်နှင့် ကျန်းမာရေးနှင့်      အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်    အသံချဲ့စက်များ ဖြင့် စဉ်ဆက်မပြတ်  နှိုးဆော်လျက် ရှိကြောင်း  သိရသည်။


ကျော်သူရ(ကော့မှူး)