
နေပြည်တော် ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း မြို့ပေါ်သို့ ဝင်ရောက်တပ်စွဲနေရာ ယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ကောလင်းမြို့ရှိ ကျေးရွာ များကို မီးရှို့ရန်စေခိုင်းသည့် အသံ ဖိုင်တစ်ခုထွက်ပေါ်လာကြောင်း၊ အဆိုပါအသံဖိုင်တွင် ဆေးမင်းခုံ ကျေးရွာအား မီးရှို့ရန် လုံခြုံရေး တပ်ဖွဲ့ဝင်အရာရှိတစ်ဦးက ဆက် သွယ်ရေး စကားပြောစက်ဖြင့် အမိန့်ပေးစေခိုင်းသည့် ပုံစံမျိုး ထင်ယောင်ထင်မှား ဖြစ်စေရန် လုပ်ကြံထားသည့် အသံဖိုင်တစ်ခု ကို တရားမဝင်ပြည်ဖျက်မီဒီယာ အချို့က ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိသည် ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက် ၍ ကောလင်းမြို့မှ လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ ၎င်းအသံဖိုင်သည် ပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ် အထင်အမြင်လွဲမှားစေ ရန်အတွက် လုပ်ကြံဖန်တီးထား သည့် အသံဖိုင်သာဖြစ်ကြောင်း KIA နှင့် PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့် ကောလင်း မြို့တွင်းမှ ဆုတ်ခွာထွက်ပြေးသွား ခဲ့ပြီးနောက် ကောလင်းမြို့တွင်း ၌ မိုင်းရှင်းလင်းခြင်းလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များကို လုပ်ဆောင်နေသည့်လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား လက်နက် ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ ကျေးရွာများအတွင်းသို့ ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခြင်းများကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးခဲ့ရကြောင်းနှင့် ပြည်သူအချို့ ထိခိုက်သေဆုံးခဲ့ရ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်