ကောလင်းမြို့ရှိ ရပ်ကွက်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ၏ အဖိုးတန်ပစ္စည်းများကို တပ်မတော်သားများက ကားများဖြင့်သယ်ယူနေကြောင်း သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ  ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း မြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး တပ်မတော်မှ     ထိခိုက်ကျဆုံးမှု များပြားမှုကြောင့်      မြို့ပေါ် ရပ်ကွက်များကို မီးရှို့ဖျက်ဆီးနေ ကြောင်းနှင့် စစ်ရှောင်ပြည်သူများ ၏ နေအိမ်များအတွင်းရှိ အဖိုးတန် ပစ္စည်းများကိုလည်း  စစ်ကားများ ဖြင့် သယ်ဆောင်သွားကြကြောင်း သတင်းတု၊    သတင်းမှားများကို တရားမဝင်      ပြည်ဖျက်မီဒီယာ များက ပြည်သူများအား အထင် အမြင်      လွှဲမှားစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံသတင်းများ   ရေးသား ဖြန့်ဝေလျက်ရှိသည်။
အဆိုပါ    ကောလင်းမြို့ကို ၂၀၂၃ ခုနှစ်  နိုဝင်ဘာ ၃ ရက်တွင် KIA  နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများက    ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်မှုယန္တရား များ      ရပ်တန့်စေရန်အတွက် ဌာနဆိုင်ရာ   ဝန်ထမ်းများအား အကြောင်းမဲ့   ဖမ်းဆီးသတ်ဖြတ် ခြင်းနှင့်  ဌာနဆိုင်ရာ အဆောက် အဦများအား  မီးရှို့ဖျက်ဆီးခြင်း၊ နေရပ်စွန့်ခွာသူ   ပြည်သူများ၏ နေအိမ်များအား     ဖောက်ထွင်း ဝင်ရောက်၍ ပစ္စည်းများယူဆောင် ခြင်းများအပြင် လုံခြုံရေးတပ်ဖွဲ့ဝင် များမှ တိုက်ခိုက်ချေမှုန်းခဲ့ရာတွင် လည်း   အကြမ်းဖက်သမားများ အနေဖြင့် လူနေအိမ်များ၊    ဌာန ဆိုင်ရာ   အဆောက်အဦများကို မီးရှို့ဖျက်ဆီးခြင်း၊     မိုင်းထောင် ဖောက်ခွဲခြင်းများ   လုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောကြား ချက်များအရ သိရှိရသည်။
ထိုသို့ အကြမ်းဖက်သမားများ ၏ မီးရှို့ဖျက်ဆီးခဲ့မှုနှင့်    ၎င်းတို့ ထောင်ထားသည့် မိုင်းများကြောင့် ကောလင်းမြို့ပေါ်ရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရပြီး  ပြည်သူ များ     ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်း ရှင်းလင်းရေး    လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး  လုပ်ငန်း များ  လုပ်ဆောင်ပေးနေမှုများကို တရားမဝင်    ပြည်ဖျက်မီဒီယာ များက     လူမှုကွန်ရက်များတွင် မဟုတ်မမှန်   လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာ     ဖြစ်ကြောင်း သတင်းရရှိသည်။   
သတင်းစဉ်