ကောလင်းဒေသ၊ ထီးချိုင့်ဒေသအပါအဝင် ယာယီတိုက်ပွဲရှောင်ဒေသအသီးသီးမှ ကျောင်းသား ကျောင်းသူများ IBEC ကျောင်းတွင် ပညာသင်ကြားနိုင်ကြောင်း ဖိတ်ခေါ်ထားရာ ဆက်သွယ်မှုများပြား

 

ရန်ကုန်   ဒီဇင်ဘာ    ၁၉


ကောလင်းဒေသ၊    ထီးချိုင့်ဒေသ အပါအဝင် ယာယီတိုက်ပွဲရှောင် ဒေသအသီးသီးမှ ပညာသင်ယူခွင့် ဆုံးရှုံးနေကြသော ကျောင်းသား   ကျောင်းသူများအနေဖြင့် Inter-national Buddhist   Education   Centre  (IBEC)  ကျောင်းတွင်   ပညာသင်ကြားနိုင်ကြောင်း အဆိုပါ ကျောင်းက     ဖိတ်ခေါ်ထားရာ ဆက်သွယ်မှု    များပြားကြောင်း အဆိုပါကျောင်းမှ သိရသည်။


စစ်ကိုင်းတိုင်း     ဒေသကြီး စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ အဆိုပါကျောင်းကို    အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ    ဒေါက်တာ အရှင်သောဘိတ  က တည်ထောင် ထားခြင်းဖြစ်ကာ အဆိုပါပညာ ရေးအထူးအစီအစဉ်ကို  ခရိုင်ပညာ ရေးမှူး၏   ထောက်ခံခွင့်ပြုချက် ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း လည်း သိရသည်။


“လိုသူမျှပေး     ပညာရေး” အစီအစဉ်ဖြင့် ယာယီတိုက်ပွဲရှောင် ဒေသမှ      ကလေးငယ်များအား ပညာဆက်လက်သင်ကြားနိုင်စေ ရန်အတွက်     ရည်ရွယ်ချက်၊ ကျောင်းနေအရွယ်   ကလေးများ အားလုံး ခွဲခြားမှုမရှိဘဲ လွတ်လပ် ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်ရေး ဟူသော    ရည်ရွယ်ချက်များဖြင့် စိန်ခေါ်မှုများကြားမှ  အကောင် အထည်ဖော်  ဆောင်ရွက်ပေးနေ ခြင်းဖြစ်ကြောင်းလည်း    အဆိုပါ ကျောင်းမှ သိရသည်။


IBEC ဆရာတော်က ကျောင်း အပ်လက်ခံခြင်းနှင့်  ပတ်သက်၍ IBEC   ပညာရေးဘုတ်အဖွဲ့အား လမ်းညွှန်ထားရာတွင်  တတ်နိုင် သမျှနည်းလမ်းများဖြင့် ကူညီပေး ရန်၊ ကလေးငယ်များ ပညာသင်ယူ ခွင့်   မဆုံးရှုံးစေရန်   သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ နှင့် ချိတ်ဆက်ဆက်သွယ်ဆောင် ရွက်ရန်၊ အဆိုပါဒေသမှ ကလေး ငယ်များသည် ပညာရေးတစ်ပိုင်းတစ်စများဖြစ်ကြပြီး   ဆက်လက် ပညာသင်ယူရန်အတွက်  အမှန် တကယ်   အခက်အခဲဖြစ်နေကြ သည်ကို ကြားသိရသည့်အတွက် မည်ကဲ့သို့ လက်ခံဆောင်ရွက်ပေး နိုင်သည်ကို သေချာရှင်းပြ၍ IBEC ကျောင်းတော်ကြီးတွင် ဆက်လက် ပညာသင်ယူစေရန်၊   လာရောက် ဆက်သွယ်မှုများ   များပြားသည့် အတွက် ကျောင်းအပ်လက်ခံခြင်း များကို စနစ်တကျစီစဉ်ကာ ပညာ ရေးမူဝါဒများနှင့်    ညီညွတ်စွာ လက်ခံနိုင်ရေး   ဆောင်ရွက်ရန်၊ ကလေးငယ်များ ပညာသင်ယူခွင့် မဆုံးရှုံးစေရေးအတွက်မှာ အလွန် အရေးကြီးသည့်အတွက် အဆိုပါ အချက်ကို အဓိကထား ဦးစားပေး ဆောင်ရွက်ရန်တို့ ပါဝင်ကြောင်း လည်း သိရသည်။


သစ်တော်